Part 18 (U)

71 8 0
                                    

အပိုင်း ၁၈

"ဒီတစ်ခေါက်အမှာစာတွေထဲကလက်ခံဖို့ရွေးထားတဲ့နေရာတွေပါဦးလေး...တစ်ချက်စစ်ကြည့်ပေးပါအုံး"

၀မ်ရှီးချန်ကမ်းပေးလာသည့်ဖိုင်အားယူကာ၀မ်သခင်ကြီးသည်ဖွင့်ကြည့်လိုက်ပြီးစိမ်းသက်သောနေရာ၏အမှာစာနှစ်ရွက်ကိုဖယ်ထုတ်ရင်းပြောလိုက်၏။

"ဒီနှစ်ရွက်ကိုပယ်လိုက်...အခုတစ်လောပို့နေကျနေရာတွေကိုပဲလက်ခံ..နေရာစိမ်းတွေပယ်ထား..."

"ကောင်းပါပြီဦးလေး..."

"ရိပေါ်ဆီကဘာသံကြားသေးလဲ...ထွက်သွားတာ၁၅ရက်လောက်ရှိ​နေပြီ...ရှောင်းကျန့်ရောအဆင်ပြေရဲ့လား..."

ဦးလေးဖြစ်သူအမေးအားရှီးချန်သက်ပြင်းတစ်ချက်ချရင်းပြန်ဖြေလိုက်၏။

"အင်း...ရိပေါ်ကအဖွဲ့အစည်းတော်တော်များများနဲ့စာချုပ်လက်မှတ်ထိုးလိုက်နိုင်ပြီ...ရှောင်းကျန့်ကတော့လူနာတွေနဲ့လုံးထွေးနေတယ်..."

"ကောင်းတယ်...ကောင်းတယ်...အလုပ်ကြိုးစားနေကြတာပဲ...မင်းပြန်တော့ ငါနားတော့မယ်...တစ်ပတ်အတွင်းအမှာစာတွေပို့လိုက်တော့...ပြီးရင်ဂိုထောင်တွေသွားစစ်ထားအုံး..."

"ကောင်းပါပြီဦးလေး..ဒါဆိုကျွန်တော်ပြန်တော့မယ်..."

၀မ်ရှီးချန်ထွက်သွားသည်နှင့်၀မ်သခင်ကြီးသည်ဆာမူတိုဆာဂိုဏ်းအကြောင်းစုံစမ်းထားသည့်ဖိုင်အားဖွင့်ကာဖတ်နေလိုက်၏။

ဆာမူတိုဆာဂိုဏ်းခေါင်းဆောင်မှာသမီးတစ်ယောက်ရှိသေးတာပဲ....။

ဒါပေမယ့်ဘယ်ရောက်နေတာလဲသတင်းမရဘူးဆိုတော့အခုဦးဆောင်နေတာ သူ များလား....။

မဟုတ်ရင်ဘယ်သူများဖြစ်နိုင်မလဲ..။

ဆေးလိပ်ငွေ့တို့အားငေးကာတွေးနေမိရင်းတစ်စုံတစ်ခုကိုသတိထားမိပြီးအံဆွဲအတွင်းမှဖုန်းအားယူ၍လူတစ်ယောက်ထံခေါ်ဆိုလိုက်၏။

"အယ်သာဘန်...ခိုင်းစရာရှိလို့"

"အမိန့်ရှိပါသခင်ကြီး"

"ဆာမူတိုဆာဂိုဏ်းခေါင်းဆောင်ရဲ့သမီးချန်းမော့အကြောင်းစုံစမ်းပေးစမ်း...မြန်လေကောင်းလေ..."

မူဟန်ကွဲပြားခြင်း၏တစ်ခုတည်းသောနှလုံးသား YiZhan (Ongoing)Where stories live. Discover now