"ချစ်စရာလေးပဲ"
ဒီမဂ္ဂမောင်ဆီကစကားကြောင့် သူရိန်မြတ်ကော ဝေယံရှိန်းပါ တအံ့တဩကြည့်မိသည်။
"လီ:ကြည့်တာလား မင်းတို့က"
အကြည့်ခံနေရသူဒီမဂ္ဂမောင်၏ဆဲသံ။
"မင်းဘယ်တုန်းက အဲ့လိုtypeတွေစိတ်ဝင်စားသွားတာလဲ"
သူရိန်မြတ်၏မေးသံ။
"ငါစိတ်ဝင်စားတယ်ပြောမိလို့လားကွာ"
"ချစ်စရာလေးလို့ မှတ်ချက်ချတယ်ဆိုတည်းက စိတ်ဝင်စားလို့ပဲပေါ့ကွ"
"အရေးမပါတာ"
ဝေယံရှိန်းကပါ ထပ်ဆင့်ပြောလာတာမို့ မဂ္ဂညစ်တစ်တစ်ဖြစ်သွားသည်။
သူဝေဖန်မိတဲ့ ကောင်မလေးကို ပြန်လှမ်းကြည့်တော့လည်း စင်ပေါ်မှာပြုံးရယ်နေတာများ ပါးစပ်ပင်နားရွက်ချိတ်မတတ်။ သူများတွေ body fitတွေ အပြိုင်အဆိုင်ဝတ်ကာ ခန္ဓာကိုယ်ကောက်ကြောင်းလှလှတွေကို ဖော်ပြနေချိန် သူကတော့ ခြေသလုံးတစ်ဝက်ထိဖုံးသည့် မိုးပြာရောင်ဂါဝန်ရှည်ကိုဝတ်ဆင်ထားသည်။
"တကယ်ချစ်တော့ ချစ်စရာလေး"
"ငါလည်းထောက်ခံတယ်"
"ဒီလောက်ချစ်စရာလေးမို့လို့လည်း princessဖြစ်တာပေါ့ဟ"
သူ့ဘေးနားက တွတ်ထိုးနေသူနှစ်ယောက်ကြောင့် မဂ္ဂ မကြည်သလို ကြည့်မိသည်။
သူတို့အခုရောက်နေတာက Medical major fresher welcome တွင်ဖြစ်သည်။
Ecoဆောင်ကနေ Medicalဆောင်ထိကူးလာပြီး ခပ်တည်တည်ဝင်ထိုင်နေကြပေမယ့် လူအများဆီက အာရုံစိုက်ခံရခြင်းတော့ ရနေသည်။Medical majorရှိ မမများကောညီမလေးများပါမကျန် သူတို့ကို မသိမသာကော သိသိသာသာပါဝင်ရောချင်နေကြပုံ ပြသည်။ နောက်ဆုံးထောင့်မှာထိုင်နေတာမို့အချိုရည်ထားသည့်နေရာနှင့် နီးနေတာကသူတို့အတွက် အခွင့်အရေးသဖွယ်ဖြစ်နေလေကာ သွားလိုက်ပြန်လိုက်နှင့် ခြေရှုပ်နေကြသည်။
Ecoရဲ့ visualသုံးယောက်ကသူတို့ majorထိရောက်လာတော့ပွဲစီစဉ်သူတွေကလည်း မြောက်ကြွမြောက်ကြွ။
သူတို့ကတော့ လာချင်လို့လာကြတာမဟုတ်။ သူရိန်မြတ်ရဲ့ညီမ ထက်ထက်ထွဋ်က ဒီနှစ်အတွက်Queenမို့ လာဂုဏ်ပြုပေးရမည်ဟု အတင်းတောင်းဆိုထားတာကြောင့် လာခဲ့တာဖြစ်သည်။ ဒီကလေးမကိုတော့ သူတို့သုံးယောက်လုံး သံယောဇဉ်ရှိကြသည်လေ။
YOU ARE READING
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ