07(uni and zawgyi)

33.7K 765 39
                                    

"ထက်ထက် ညနေကျောင်းဆင်းရင်အားလားဟင်"

အတန်းထဲအတူထိုင်နေကြရင်းတီချယ်မရောက်ခင်အချိန်လေးမှာလရိပ်ဘက်မှမေးမိသည်။ ထက်ထက်ကိုလည်းအားနာကာကိုယ့်ကိုယ်ကိုယ်လည်းလိပ်ပြာမလုံဖြစ်ရတာမို့ လရိပ်အကြောင်းကိုထက်ထက်အားဖွင့်ပြောလိုက်ဖို့ဆုံးဖြတ်လိုက်တော့တာဖြစ်သည်။

လရိပ်နဲ့သူငယ်ချင်းဆက်ဖြစ်မှာလား၊ မဖြစ်ဘူးလားဆိုတာလည်းထက်ထက်ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး လရိပ်အကြောင်းအား အားလုံးကိုပြောလိုက်မှာလားဆိုတာကလည်းထက်ထက်ရဲ့ဆုံးဖြတ်ချက်ပေါ်ပဲမူတည်လိမ့်မည်။

"အားတယ်လေ ဘာလို့"

"ပြောစရာရှိလို့"

"ဟင် ဘာလဲ"

"ညနေမှပြောမယ်လေ"

"ဟာ အခုပြောပါဆို"

"ညနေမှပြောမယ်လေ နော် ထက်ထက်ကလည်း"

"ဟူး ညနေမြန်မြန်ရောက်"

ထက်ထက်ရဲ့ဉာဉ်ကပြောစရာရှိတယ်ဟုပြောလိုက်လျှင်ချက်ချင်းသိချင်တာဖြစ်သည်။ မသိရသေးလျှင်တော့တချိန်လုံးထိုအရာကိုပဲစိတ်စွဲနေတော့တာမျိုး။

"လရိပ်"

"ရှင်"

ကိုရှိန်းကအတန်းရှေ့ထိရောက်လာတာမို့အခန်းအပြင်သို့လရိပ်ခပ်သွက်သွက်ထွက်လိုက်သည်။

"ကိုယ်နဲ့စကားပြောရအောင် ခဏလောက်အချိန်ရလား"

"ဟို အတန်းရှိသေးတယ်ရယ်"

"ခဏပဲ၊ ရလား"

လရိပ် လက်ကနာရီကိုငုံ့ကြည့်မိတော့၈နာရီ၂၀မိနစ်။

"ဟုတ် အတန်းကကိုးနာရီစမှာဆိုတော့ခဏဆိုရပါတယ်"

ကိုရှိန်းကခေါင်းအသာညိတ်ကာအရှေ့ကထွက်သွားသည်မို့ထက်ထက်ကိုအကျိုးအကြောင်းပြောပြီးလိုက်သွားရသည်။
ကိုရှိန်းသွားနေတာကmedical majorခေါင်မိုးထပ်သို့ဖြစ်သည်။
ရောက်တာအတော်အတန်ကြာနေပြီဖြစ်ပေမဲ့ကိုရှိန်းကဘာမှမပြော။ လရိပ်ကိုသာစိုက်ကြည့်နေတာမို့နေရခက်လာသည်။

"ကိုရှိန်း ဘာဖြစ်လို့လဲဟင်"

"ဟူး.."

"လရိပ်ကစကော်လာကျောင်းသူဆိုတဲ့အကြောင်း ကိုယ်သူရိန်တို့ကိုမတော်တဆပြောမိသွားတယ်၊ မတော်တဆလို့လည်းမဟုတ်ပါဘူး ကိုယ်ကလရိပ်ကိုကူညီချင်လို့"

မောင့် (Completed)Donde viven las historias. Descúbrelo ahora