"လရိပ်ရဲ့formက ဘာလို့ဒီရောက်နေတာလဲ"
သူရိန်က လရိပ်ရဲ့CV formကိုကိုင်ကာဇဝေဇဝါရေရွတ်သည်။
"သူလည်း အလုပ်လျှောက်ထားလို့ပေါ့ဟ"
"ခွေးသား ငါကအဲ့တာကိုမသိလို့မေးတယ်များထင်နေတာလား"
Staddy Universityရှိmedicalကျောင်းသူရဲ့CV formကဘာလို့ဒီထဲရှိနေရသလဲသူရိန်မတွေးနိုင်တော့။ မဟုတ်၊ မတွေးချင်တာဖြစ်သည်။
"လရိပ်ကငါတို့showroomမှန်းသိထားလား"
"ငါတော့တစ်ခါမှမပြောဖူးဘူး"
သူရိန့်အမေးကိုရှိန်းကဖြေတော့ မဂ္ဂကမျက်ခုံးပင့်ကာသောက်လက်စ စီးကရက်ကိုခပ်ပြင်းပြင်းဖွာကာအငွေ့တွေအားရှိုက်ထုတ်လိုက်ပုံကစွဲမက်ဖွယ်ရာအတိ။
တိုသွားသည့်စီးကရက်အား မှန်စားပွဲပေါ်ရှိကြွေပြာခွက်ထဲထိုးသတ်မီးငြိမ်းလိုက်ပြီးနောက်Treasurer Luxury Blackတစ်လိပ်ကိုထပ်ယူကာမီးညှိလိုက်ပြန်သည်။"မဂ္ဂ မင်းအဖေငါမေးနေတယ်ဟ ဖြေဦး"
"ငါကလီ:လိုသိမှာလား"
"အေး"
သူရိန်ဆက်ပြောချင်စိတ်မရှိတော့။ သားနှစ်ယောက်ကဘာဖြစ်ထားကြပြန်သည်မသိ။ မခေါ်မပြောလုပ်နေကြတာမနေ့ကတည်းကဖြစ်သည်။ ဒီနေ့တစ်နေ့လုံးလည်းကျောင်းမှာတစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းပင်မဆုံ။ အရင်ကဆိုသူတို့ပထွေးသူရိန့်ကိုအလယ်ကထားပြီးစနောက်နေကျနှစ်ကောင်ဖြစ်သည်။
"မင်းတို့ကလီ:ဖြစ်နေကြတာလား"
"ဘာဖြစ်နေလို့လဲ"
"ငါတစ်ယောက်တည်းပိုင်တဲ့showroomမဟုတ်ဘူးနော်မအေဘေးလေးတွေ"
"ငါ လရိပ်ပျိုကိုတစ်မဲ"
"ငါလည်း လရိပ်ကိုတစ်မဲ"
သူရိန်ထဆဲတော့မှမဂ္ဂနဲ့ရှိန်းဆီကအသံကရှေ့ဆင့်နောက်ဆင့်ထွက်လာသည်။
"ငါတို့ဒီနေရာခေါ်ရတဲ့ရည်ရွယ်ချက်ကိုကောသိကြသေးရဲ့လား၊ ပြေးလိုက်လွှားလိုက်နဲ့ဣန္ဒြေမရအဆင်မပြေနဲ့အချိန်ပိုင်းအလုပ်လုပ်နေရတဲ့ ကျောင်းသားတစ်ယောက်လောက်ကိုဖြစ်ဖြစ် ကူညီလို့ရအောင်ဆိုပြီးဝန်ထမ်းအလုံအလောက်ရှိပါရက်နဲ့ခေါ်ထားတာလေ"
YOU ARE READING
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ