"မောင့် နည်းနည်းအမြင်ရိုင်းမနေဘူးလား"
"သည်းငယ် မြန်မာဝမ်းဆက်ဝတ်လာမှထူးဆန်းနေမှာ"
"အဲ့လိုလား"
ခြေမျက်စိထိရှည်သည့်ဂါဝန်အဖြူလေးကိုမလုံမလဲငုံ့ကြည့်ရင်းရတက်မအေးစွာလရိပ်မေးမိသည်။ မောင်ကတော့ကားကိုသာဂရုစိုက်မောင်းနေတာကတည်တည်ငြိမ်ငြိမ်။
ပေါင်ပေါ်တင်ထားသည့်လက်သီးဆုပ်လေးတွေကိုကြည့်ပြီးမဂ္ဂတစ်ဖက်လှည့်ကာခိုးပြုံးလိုက်သည်။ ကြောက်တတ်ရန်ကောချစ်သည်းငယ်ရယ်လို့သာမချင့်မရဲရေရွတ်ရမည့်သဘောရှိတော့သည်။
Steering wheelကိုလက်တစ်ဖက်နဲ့ထိန်းကိုင်ပြီးပေါင်ပေါ်ကလက်လေးကိုအုပ်ကိုင်လိုက်တော့လက်ဖျားလေးတွေကအေးစက်နေသည်။ အသည်းယားစွာဖျစ်ညှစ်လိုက်တာတောင်ရန်ပြန်မတွေ့နိုင်လောက်အောင်ထိကြောက်နေတာမို့မဂ္ဂ သည်းငယ်လက်ချောင်းတွေကြားတိုးဝင်ကာဆုပ်ကိုင်သွယ်ယှက်လိုက်သည်။
လက်ဖမိုးဖွေးဖွေးကိုနှုတ်ခမ်းနားကပ်ကာမြတ်မြတ်နိုးနိုးထိနမ်းရင်းကနှစ်သိမ့်ပေးမိသည်။
အထက်တန်းလွှာတွေနေသည့်ရပ်ကွက်ထဲကိုကားကချိုးကွေ့ဝင်သွားပြီးနောက်ခြံကျယ်ကြီးတွေနှင့်ထည်ဝါလှသည့်တိုက်ကြီးတွေသာတွေ့ရတော့သည်။ လမ်းကလည်းရှင်းသန့်နေပြီးခွေးတစ်ကောင်၊ ကြောင်တစ်မြီးတောင်မရှိဘဲ ကားအကောင်းစားကြီးတွေသာတစ်စီးစ၊ နှစ်စီးစအရှိန်မှန်မှန်ဖြင့်ပြေးလွှားနေကြသည်။
အပြင်ကကြည့်တာတောင်ကျယ်ဝန်းလှသည့်ခြံကြီးရှေ့ကားရပ်သွားလျှင်ပဲသတ်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်ကအလိုက်တသိိဖြင့်ခြံတံခါးအပြာကြီးကိုဆွဲဖွင့်ပေးလာသည်။
လမ်းရဲ့တစ်ဖက်စီတိုင်းမှာမြင်ခင်းစိမ်းစိမ်းတွေအပြည့်။ သစ်ပင်ကြီးကြီးသေးသေးအစုံနှင့်အမြင်အေးလှစွာ။ ခပ်ဝေးဝေးကိုမျှော်ကြည့်မိတော့ကျူးလစ်ပန်းခင်းကိုပါတွေ့လိုက်ရတာမို့လရိပ်နှုတ်ခမ်းလေးတွေကတအံ့တဩဖွင့်ဟထားရာကပြန်စိမလာတော့။
ခမ်းနားထည်ဝါလှသည့်နှစ်ထပ်တိုက်ကြီးဆီရောက်ဖို့တော်တော်အချိန်ပေးလိုက်ရပြီးနောက် ပေါ်တီကိုအောက်ကားထိုးရပ်သွားသည်။
YOU ARE READING
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ