"မောနင်း ဒယ်ဒီ"
မဂ္ဂကားသော့လေးတယမ်းယမ်းဖြင့်မြောက်ကြွမြောက်ကြွဆင်းလာတုန်းလှေကားမှာဒယ်ဒီနှင့်ဆုံသည်။ ဒယ်ဒီကအားကစားဝတ်စုံနှင့်မို့မနက်စောစောလမ်းလျှောက်ထွက်ရာကပြန်လာသည့်ပုံ။
"တနင်္ဂနွေနေ့မှာမင်းကအစောကြီးနိုးပြီးဘယ်သွားမလို့လဲ"
ဟုတ်သည်။ အခုမှခြောက်နာရီကိုအနည်းငယ်ကျော်ရုံဝန်းကျင်သာရှိသေးသည်။ ကျောင်းဖွင့်ရက်မှာတောင်နောက်ကျမှထတတ်သူမို့ထူးဆန်းနေမှာမုချဧကန်ဖြစ်သည်။
"ဒီလိုပါပဲ"
"စောစောထတဲ့ငှက် အစာဝမှန်းသိသွားတာလား၊ မင်းမနေ့ကလည်းဒီလိုအချိန်ပဲနော်"
ဒယ်ဒီကပြုံးစစပြောကာအပေါ်ဆက်တက်သွားသည်။ မဂ္ဂကသာနေရခက်သလိုလိုနှင့်ကျန်ခဲ့ရတာဖြစ်သည်။ မဂ္ဂကငှက်ဆို မဂ္ဂရဲ့အစာကလရိပ်ပိစိလေးဖြစ်လိမ့်မည်။
"အဟား"
"ဒယ်ဒီကတော့ကွာ"မဂ္ဂခပ်ပြုံးပြုံးဖြင့်ခြံထဲရှိဂိုထောင်ထဲမှLandcruiser LC300 GXအားထုတ်ယူကာမောင်းထွက်လာခဲ့သည်။ မနက်စာကိုတော့အမြဲတမ်းကိုယ်တိုင်လုပ်လေ့ရှိတဲ့မာမီက ဒီနေ့လည်းdining roomထဲမှာမနက်စာပြင်နေလောက်မှာဆိုပေမဲ့မနေ့ညကအနည်းငယ်အချေအတင်ဖြစ်ထားသည့်အရှိန်ကြောင့်နှုတ်မဆက်ချင်။
"သည်းငယ်လေး ကိုယ်ရောက်နေပြီဗျ"
"ဟုတ် အခုပဲလာပြီရှင့်"
ရောင်းသူဝယ်သူအသံတူဆိုတာဒါမျိုးဖြစ်မည်။ မောင့်ကိုစသိရတုန်းကတော့ကြောက်သလိုလိုလန့်သလိုလိုနှင့်ရှိန်နေခဲ့သေးပေမဲ့လည်းတစ်လကျော်နှစ်လနီးပါးအကြာမှာပဲအတော်အတန်ရင်းနှီးသွားတာဖြစ်သည်။
ပြီးတော့ကိုယ့်ကောင်လေးဆိုသည့်စိတ်ကြောင့်မိန်းကလေးတို့သဘာဝဆိုးချင်နွဲ့ချင်လာကာစိမ်းမနေတော့။
ကားဘော်ဒီကိုကျောမှီကာစီးကရက်သောက်နေသည့် မောင်။ အနက်ရောင်ဂျင်းပန်နဲ့စပို့ရှပ်အနက်ကိုတွဲဝတ်ထားကာ အပေါ်ကဂျင်းအင်္ကျီအနက်ကိုထပ်ဝတ်ထားသည်။
လရိပ်သတိထားမိသလောက်တော့မကြာခဏဆိုသလိုမောင်ကအပေါ်အောက်တွဲကာဂျင်းဝမ်းဆက်တွေဝတ်လေ့ရှိသည်။ မောင့်ရဲ့အများနဲ့မတူဘဲကွဲထွက်နေသည့်ဖက်ရှင်ဖြစ်သည်။
ESTÁS LEYENDO
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ