14(uni and zawgyi)

35.9K 795 52
                                    

"ဒါကကိုယ့်ဒယ်ဒီ ဦးအဂ္ဂါမောင်တဲ့၊ ဒါကကိုယ့်မာမီ ဒေါ်ထားသခင်၊  ဒီဘက်က ဘိုးနဲ့ဘွား"

"ဟုတ် တွေ့ရတာဝမ်းသာပါတယ်ရှင့်၊ လရိပ်ပျိုလို့ခေါ်ပါတယ်ရှင့်"

မောင့်ဖေဖေကော၊ အဖိုးနဲ့အဖွားကောကဖော်ဖော်ရွေရွေပင်။ မောင့်မေမေကမျက်နှာထားခပ်တင်းတင်းပေမဲ့မလိုလားဟန်တော့သိပ်မပြတာမို့အဆင်ပြေပါသည်။

မိသားစုဝင်တွေနဲ့ဂျူနီယာတွေ၊ စီနီယာတွေ၊ ဧည့်ပရိသတ်တွေကရောနှောထိုင်ကြရပေမဲ့ဘွဲ့ရမောင်မယ်တွေကတော့ စတိတ်ရဲ့ညာဘက်ထောင့်နားမှာသီးသန့်နေရာယူကြရသည်။ မောင့်မိသားစုကြားမှာလရိပ်ငြိမ်ငြိမ်လေးထိုင်နေရင်းမျက်စိကစားမိတော့ တော်တော်များများကလရိပ်ကိုစူးစိုက်ကြည့်နေကြသည်။ သူတို့မေဂျာကင်းရဲ့မိသားစုနဲ့အတူတူထိုင်နေသည်မို့စိတ်ဝင်စားကြတာဖြစ်လိမ့်မည်။

မောင်ကတက္ကသိုလ်ဝန်းထဲထိကားမောင်းဝင်ကာ ကားကိုပါကင်ထိုးပြီးတည်းကလရိပ်ခါးကိုမလွတ်တမ်းပွေ့ဖက်ထားတာဖြစ်သည်။ သူဘွဲ့ရပြီးပြီမို့ကျောင်းကိုလာစရာအကြောင်းမရှိတော့ကလေးတွေကြောင့်နေရခက်မှာမျိုးလည်းရှိမှာမဟုတ်သလို တခြားကောင်တွေကြောင့်လည်းသဝန်မတိုချင်ပါဘူးတဲ့လေ။ သူ့အပိုင်မှန်းသိသွားရင်ဘယ်သူမှလာရှုပ်ရဲတော့မှာမဟုတ်ဘူးဟုဆိုကာလရိပ်ကိုကောင်းကောင်းကြီးအသားယူနေခဲ့တာဖြစ်သည်။

"မဂ္ဂ မင်းကပိုင်လှချည်လား"

မာမီ့နားကသည်းငယ်ကိုညွှန်းကာပြောလာသည့်သူရိန့်စကားကို မဂ္ဂတစ်ချက်ပြုံးပြီးသာတုံ့ပြန်သည်။

"အားကျရပါတယ် ငါတို့မရနိုင်တဲ့ဘဝတွေ"

ရှိန်းဆီကခပ်လေးလေးထွက်လာသည့်စကားကြောင့်သူရိန်ကခွိကနဲရယ်ကာရှိန်းပုခုံးကိုသာသာပုတ်ပြီးနှစ်သိမ့်ဟန်ပြသည်။

ရှိန်းကပုခုံးပေါ်ကသူရိန့်လက်အားကိုယ်ကိုအနည်းငယ်ယမ်းကာဖယ်ချလိုက်သည်။

"ထက်ထက်ကမင်းဆီမလာဘဲ Chemistryကသူ့ဘဲဆီသွားနေတာလား"

"မအေဘေး"

မောင့် (Completed)Tempat cerita menjadi hidup. Temukan sekarang