"မောင့် အဝတ်လဲလေ မြို့ထဲလျှောက်လည်ကြမယ်"
"ဆိုင်ကယ်နဲ့လည်ချင်ရင်ဂိုထောင်ထဲမှာဆိုင်ကယ်နှစ်စီးရှိတယ်နော် ငါတော့မလိုက်ဘူး"
နှစ်သစ်ကူးပိတ်ရက်မို့မဂ္ဂတို့နည်းတူအားလပ်နေသည့်သူရိန်ကဆိုဖာပေါ်မှီထိုင်ကာ ပျင်းတိပျင်းရွဲဆိုသည်။
"ဆိုင်ကယ်နဲ့လား ကားနဲ့လား"
"သေချာပေါက်ဆိုင်ကယ်နဲ့ပေါ့ ဟီး"
မဂ္ဂ အဖြူရောင်ဒူးတိဂါဝန်လေးဝတ်ထားသည့် သည်းငယ်အားလက်ကဆွဲကာအပေါ်ခေါ်ခဲ့လိုက်သည်။
"ဆိုင်ကယ်နဲ့လည်မယ်ဆို ဘောင်းဘီလဲဝတ်ရမယ်သည်းငယ်"
"ဟုတ် ချက်ချင်းလဲလာခဲ့ပါ့မယ်ရှင့်"
ပြောပြီးအခန်းထဲဝင်သွားသည်မှာလှစ်ကနဲ။ မဂ္ဂကတော့မနေ့ညကအိပ်တဲ့အခန်းထဲပဲဝင်ကာအညိုရောင်short pantsနဲ့အတူover size T-shirtအဖြူရောင်ကိုလဲဝတ်လိုက်သည်။ Flannelလက်ရှည်အပါးကိုအပေါ်ထပ်အနေနဲ့ထပ်ဝတ်ပြီးထွက်လာတော့သည်းငယ်ကလည်းမျက်နှာချင်းဆိုင်အခန်းထဲကထွက်လာပြီဖြစ်သည်။
မဂ္ဂဆီကတောင်းယူထားသည့်မိုးပြာရောင်T-shirtကိုshort pantsအဖြူနဲ့တွဲဝတ်ထားသည့် သည်းငယ်ကြောင့်မျက်ခုံးပင့်လိုက်မိသည်။
"မောင်နဲ့သည်းငယ် စိတ်ချင်းဆက်နေတာ၊ outfitဆင်တူ"
"အပေါ်ထပ်ကော"
"ယူရမှာလား"
"ယူမလာရင်တော့ ခင်ဗျားရဲ့ဟောဒီလက်လေးတွေမဲသွားလိမ့်မယ်ဗျ"
အင်္ကျီကကြီးလွန်းတော့လက်ဖျံတစ်ဝက်လောက်ထိရောက်တာမို့အနည်းငယ်သာပေါ်နေသည့်မွေးညှင်းစိမ်းလေးတွေနဲ့လက်သေးသေးကိုညွှန်ပြကာပြောတော့အခန်းထဲချက်ချင်းပြန်ဝင်သွားသည်။
"ကျွီ.."
ချက်ချင်းပြန်ပွင့်လာသည့်တံခါးနဲ့အတူမဂ္ဂနားပြေးကပ်လာပြီးမဂ္ဂလက်မောင်းအားမှီတွယ်လာသည့် သည်းငယ်။
"မောင့်မှာဒါမျိုးလေးနောက်ထပ်ပါသေးတယ်မလား ခဏငှားပါလားအပိုင်မယူပါဘူး နော်"
မျက်နှာကိုငယ်ချကာဖက်တွယ်ထားသည့်လက်ကိုပင်မထိတထိနမ်းနေသေးသည့် သည်းငယ်ကြောင့်မဂ္ဂအူယားလွန်းလို့ပုခုံးပေါ်ကောက်ထမ်းကာအခန်းထဲဝင်လာခဲ့လိုက်တော့သည်။ တံခါးမှာကျောမှီစေကာခွရက်သားအနေအထားဖြစ်အောင်ပွေ့ချီလိုက်ပြီးနှုတ်ခမ်းဖူးဖူးလေးကိုတစိုက်မတ်မတ်နမ်းရှိုက်မိတော့သည်။
YOU ARE READING
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ