"တောက် လရိပ်ပျို"
"ဘာလဲ"
မောင့်ဒေါသသံကို လရိပ် ခပ်ဆတ်ဆတ်ထူးမိသည်။ ဆေးရုံကဆရာဝန်တွေနှင့် နယ်ဘက်ကိုနှစ်ညအိပ်သုံးရက် ပရဟိတဆေးကုလိုက်သွားဖို့ကို အတင်းတားချင်နေတာမို့ လရိပ်လည်းစိတ်တိုလာရသည်။
ဟိုကောင်ပါသည် ဒီကောင်ပါသည်နှင့် စိတ်မချ၊ သဝန်တိုဖြစ်နေလည်း လရိပ်ကအိမ်ထောင်သည် ကလေးတစ်ယောက်အမေဆိုတာ ဆေးရုံရှိလူတိုင်းသိသည်။ လရိပ်ထက်လှသည့်၊ ချောသည့်ဆရာဝန်မလေးတွေလည်းအများကြီးပါတာမို့ လရိပ်ကိုစိတ်ကူးထဲတောင်ရှိကြမည်မဟုတ်။
သွားမည့်နေရာကမဖွံ့ဖြိုးသည့်ဒေသမို့သေချာပေါက်လိုက်သွားချင်တာဖြစ်သည်။ လရိပ်ရဲ့စိတ်ကိုနားမလည်ဘဲ ခါးခါးသီးသီးဖြစ်နေသည်မို့ လရိပ်လည်းပြန်အော်မိတော့သည်။
"သားကိုကော.. သားကို မင်းထားခဲ့နိုင်လို့လား၊ မင်းက ကလေးအမေဆိုတာလည်းသတိရဦးနော်"
"အကြာကြီးသွားမှာလည်းမဟုတ်ဘူး သားနဲ့ခွဲရလည်းအလွန်ဆုံးသုံးရက်ပဲ"
"လိုက်သွားရဲလိုက်သွားကြည့်"
"သွားမှာ"
လရိပ် ခပ်ပြတ်ပြတ်ပြောကာ ကျောပိုးအိတ်အနက်ရောင်လေးကို အဝတ်ဘီရိုထဲမှဆွဲထုတ်လိုက်သည်။ ပေါ့ပေါ့ပါးပါးဖြစ်စေမည့်ဝတ်စုံငါးစုံလောက်ကို ရွေးထည့်နေတုန်း မောင်က လရိပ်လက်ထဲကကျောပိုးအိတ်ကိုလုကာ အခန်းထောင့်ဆီလွှင့်ပစ်လိုက်သည်။
"မင်းကိုပြောနေတာမကြားဘူးလား"
လရိပ်ဘာမှပြန်မပြောဘဲ အိတ်ကိုပြန်သွားယူလိုက်တော့ မောင်ကစားပွဲပေါ်တင်ထားသည့် မီးအိမ်လေးကိုဆွဲချကာဖျက်စီးပစ်သည်။
"သိပ်လိုက်ချင်သပဆို ငါ့ကိုကွာသွား"
"မောင့်.."
လရိပ် မယုံနိုင်စွာအော်ဟစ်မိတော့သည်။ ဒီအခြေအနေလောက်နဲ့ ကွာဆိုသည့်စကားအထိပြောဖို့လိုလို့လား။ မောင်ကမေးရိုးတွေထင်းနေအောင်ထိအံကိုကြိတ်ထားကာလရိပ်ကိုကြည့်နေသည်။
"အင့်.."
လရိပ်အင့်ကနဲရှိုက်ငိုမိတော့သည်။
![](https://img.wattpad.com/cover/330675987-288-k427618.jpg)
DU LIEST GERADE
မောင့် (Completed)
Romantikကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ