04(uni and zawgyi)

34.3K 862 35
                                    

စိတ်ကြိုက်ငိုပြီးသွားဟန်ကလေးမကသူ့ဆီကအသာရုန်းထွက်တော့အလိုက်သင့်လွှတ်ပေးလိုက်သည်။
သူဝတ်ထားတဲ့ရှပ်အဖြူရောင်ရဲ့ရင်ဘတ်နားမှာတော့မျက်ရည်တွေကြောင့်စိုကာ အသား၌ကပ်၍ပင်နေလေသည်။
မျက်နှာလေးကနီနေကာခေါင်းကိုငုံ့ရှိုးထားပြီးနေရခက်နေဟန်။

"အဆင်ပြေသွားပြီလား"

"နည်းနည်း"

"နည်းနည်းတဲ့လားကွာ၊ ထပ်ငိုဦးမှာလား၊ မျက်ရည် ကောကျန်သေးရဲ့လား"

"မစပါနဲ့ ဟင့်"

"ဟိတ် ဟိတ် မငိုနဲ့တော့"

ထပ်ငိုချင်သလိုဖြစ်နေသည်မို့ မဂ္ဂအထိတ်တလန့်ပင်တားရသည်။ အခုတောင်မျက်လုံးတွေကနီရဲမို့အစ်နေတာ ထပ်ငိုလျှင်တော့မနက်ဖြန်ဖွင့်လို့ရမည်တောင်မထင်တော့။

"အခုတော့စိတ်ထဲပေါ့ပြီးအဆင်ပြေသွားပေမဲ့ မနက်ဖြန်အတွက်ရင်လေးမိတယ်"

ခပ်ဟဟရင်ဖွင့်သံ။ အင်း..မဂ္ဂသဘောဖြင့်ရင်ဖွင့်သည်ဆိုသည့်ခေါင်းစဉ်ကိုတပ်လိုက်ခြင်းဖြစ်သည်။

"ဘာလို့‌ မနက်ဖြန်ဆိုတာတွေထိတွေး တွေးပြီးပူနေတာလဲကွာ၊ မင်းကမနက်ဖြန်ထိအသက်မရှင်ဘဲ ဒိီနေ့ညသေသွားရင်ဘယ်လိုလုပ်မလဲ"

လရိပ်ပျိုကကြောင်အကာငေးကြည့်နေရင်းမှအသက်မပါသလိုပြုံးသည်။

"အင်း အဲ့လိုဖြစ်သွားရင်အကောင်းသား"

"ဟာ ဟိတ် ကိုယ်ကအဲ့သဘောနဲ့ပြောတာမဟုတ်ဘူး"

"ဟီး ညီမသိပါတယ်"

ကြည်ကြည်လင်လင်ပြုံးကာဖြေလာသည့်ကလေးမကြောင့်ဒီတစ်ခါ ကြောင်အသွားရသူကမဂ္ဂဖြစ်သည်။

"အဲ့လောက်လေးနဲ့ခံစားလွယ်ပြီးပျော့ညံ့နေရင် ဒီအရွယ်ထိရောက်လာမှာတောင်မဟုတ်ဘူး"

"..."

"အကိုထင်ထားတာထက် ညီမကပိုသန်မာတယ်ရှင့်"

"ဟင် အင်း"

"ဒီနေ့အတွက်ကျေးဇူးပါ၊ ဒီလိုတွေးကြည့်မှအကို့အပေါ်ကိုကျေးဇူးတွေတအားများနေပြီကော"

"သေချာပေါက်ပြန်ဆပ်ရမှာ"

"ဟုတ်ကဲ့"

"အဟက်"

မောင့် (Completed)Where stories live. Discover now