ကျိန်းစပ်နေကြသည့်မျက်လုံးအိမ်တွေကိုအားယူကာဖွင့်လိုက်တော့ရင်းနှီးနေသည့်မီးဆိုင်းဖြူဖြူကိုသာတွေ့လိုက်ရသည်။ တံတွေးမျိုချမိတော့နာကျင်နေသည့်လည်ချောင်းနှင့်အတူခြောက်သွေ့ကွဲအက်နေကြသည့်နှုတ်ခမ်းတွေက စကားလုံးလေးတစ်လုံးထွက်ဖို့ကိုပင်ခွင့်မပြုကြ။
"နိုးပြီလားမမလေး သက်သာရဲ့လား"
မရင်းနှီးသည့်အသံကြောင့်ကြည့်မိတော့မျက်နှာစိမ်းတစ်ခု။ လရိပ်ထက်အသက်ပိုကြီးလောက်ပေမဲ့ မမလေးဟုခေါ်လာတော့စိတ်ထဲ ကသိကအောက်ဖြစ်သွားရသည်။
"ကျွန်မကစံအိမ်ကဝန်ထမ်းပါမမလေး၊ အကိုလေးမဂ္ဂလွတ်လို့ညတွင်းချင်းလာခဲ့လို့သာတော်ပါတော့တယ် မမလေးရေပန်းအောက်သတိမေ့နေတာလေ"
လရိပ်မှတ်မိသလိုခေါင်းညိတ်ပြလိုက်သည်။ ထထိုင်ဖို့လုပ်တော့အသာအယာဆွဲထူပေးလာသည်။
"ရေ.."
လရိပ်အသံကတိုးလျော့နွမ်းလျစွာ။ စကားလုံးတွေဆက်ပြောဖို့အားမရှိ။ အလိုက်တသိဖြင့်ပန်းကန်ထဲကိုရေအနည်းငယ်ငှဲ့ကာပေးလာတော့အငမ်းမရသောက်မိပေမဲ့လည်ချောင်းကနာသည့်ဒဏ်ကြောင့်အဝင်ဆိုးလှသည်။ လက်မြှောက်လိုက်မှသတိထားမိသည်ကလက်ကောက်ဝတ်၌ဆေးသွင်းထားသည်ဆိုတာကိုပင်။
"ဘယ်အချိန်.. ရှိ.."
"မနက်၉နာရီပါမမလေး၊ အကိုလေးကညနေဖလိုက်နဲ့ပြန်ရောက်မယ်ပြောပါတယ်"
လရိပ်မှာအပြစ်ရှိသူလိုခေါင်းငုံ့ထားမိသည်။
"ဗိုက်ဆာလားဟင်၊ ကျွန်မဆန်ပြုတ်လေးပြုတ်ထားတာစားလိုက်မလား"
လရိပ်ခေါင်းသာယမ်းပြလိုက်မိသည်။ toiletဝင်ချင်တာမို့ခုတင်ပေါ်ကဆင်းတော့လည်းရေချိုးခန်းထဲထိလိုက်ပို့ပေးတာဖြစ်သည်။
"ဒါလေး နည်းနည်းဖြစ်ဖြစ်စားလိုက်ပါလားမမလေး၊ ဆေးသောက်ရမှာမို့လေ"
"ဟိုလေ.. လရိပ်.. လို့ ခေါ်ပါလားဟင်"
ပြုံးကာခေါင်းညိတ်ပြလာတာမို့လရိပ်လည်းခပ်ယဲ့ယဲ့ပြန်ပြုံးပြမိသည်။ လရိပ်ကလူမမာစာမကြိုက်တာမို့ဇွန်းဖျားလေးနဲ့ခပ်ကာနှုတ်ခမ်းနားထိတေ့ပေးလာသည့်ဆန်ပြုတ်ကိုခေါင်းယမ်းကာညှင်းပယ်မိပြန်သည်။
![](https://img.wattpad.com/cover/330675987-288-k427618.jpg)
ESTÁS LEYENDO
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ