Extra:01 (uni and zawgyi)

40.9K 742 54
                                    

ကြည်စင်နေသည့်အပြာရောင်ကောင်းကင်ကြီးအောက် ပင်လယ်ရေကြည်ကြည်က တရိပ်ရိပ်။ ခပ်ဖြည်းဖြည်းတိုက်နေသည့်လေက အလှဆင်ထားသည့်မိုးပြာရောင် ဇာအနားကွပ်ပါသည့်အစလေးတွေကိုတော့ လှုပ်ခတ်စေသည်။ Lauvရဲ့ Don't Matter သီချင်းသံကပင်လယ်လေအေးအေးနှင့်အတူပျံ့လွင့်နေဆဲ။

သဲမြေပြင်နုနုထက် ချခင်းထားသည့်ကော်ဇောဖြူပေါ်off shoulder weeding dressအပြာနုရောင်လေးနဲ့တစ်လှမ်းချင်းလှမ်းလာခဲ့သည့်အရိပ်ကလေးကြောင့် မဂ္ဂ လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ ပုံစံကျနေသည့်နက်ပြာရောင်coatကိုအနည်းငယ်ဆွဲချလိုက်ပြီး စီးကရက်သောက်တတ်တာကြောင့်အနည်းငယ်ညိုချင်သည့်နှုတ်ခမ်းတို့ကိုလည်းလျှာဖြင့်တစ်ချက်သပ်လိုက်မိသေးသည်။

မျက်နှာချင်းဆိုင်ရပ်ကာမျက်လုံးလေးတွေမှိတ်ကျလုနီးပါးထိခပ်မော့မော့ငေးကာပြုံးပြနေသည့် သည်းငယ်ကြောင့် လက်သီးကိုအနည်းငယ်လျော့သောအားဖြင့်ဆုပ်လိုက်မိသည်ကစိတ်လှုပ်ရှားသွားသောကြောင့်ဖြစ်ပါလိမ့်မည်။

"သည်းငယ်ကိုချစ်တယ်"

"မောင့်ကိုချစ်တယ်"

ပြိုင်တူထွက်လာသည့်စကားသံနောက်အကြည့်ချင်းဆုံကာပြုံးလိုက်ကြသည်။ သဘာပတိလုပ်ပေးသည့်ဘုန်းခန့်ဟိန်းကmicကိုကိုင်ကာပြောချင်ရာပြောနေသော်လည်း မဂ္ဂ ဘာကိုမှအာရုံမရ။ အရိပ်များစွာဖြတ်ပြေးနေသည့်မျက်နှာနုနုကိုသာပေါက်ထွက်မတတ်စိုက်ကြည့်နေမိသည်။

"သတို့သားနဲ့သတို့သမီး အကြင်နာပေးနိုင်ပါပြီ"

မဂ္ဂ ရှေ့ကိုတစ်လှမ်းတိုးလိုက်ပြီးပုခုံးပေါ်ဝဲချထားသည့်ဆံနွယ်တွေအားအနောက်ဘက်ကိုပို့ပေးလိုက်သည်။ လည်တိုင်သွယ်သွယ်လေးကိုလက်တစ်ဖက်နဲ့ဆွဲယူပွေ့ဖက်လိုက်ပြီး နောက်လက်တစ်ဖက်ကတော့သည်းငယ့် ပါးပြင်နုနုပေါ်နေရာယူသည်။

"ပြွတ်"

အောက်နှုတ်ခမ်းကိုစုပ်ယူတော့ သည်းငယ်ကအပေါ်နှုတ်ခမ်းကိုပြန်ဆွဲကိုက်လာသည်။ အသည်းယားစွာဖြင့်အပေါ်နှုတ်ခမ်းလွှာလေးကိုထပ်ဆွဲစုပ်လိုက်ပြီး နှုတ်ခမ်းတစ်စုံလုံးကိုအသံမြည်အောင်ထိပြန်စုပ်နမ်းလိုက်သည်။

မောင့် (Completed)Donde viven las historias. Descúbrelo ahora