"မနေ့တည်းကလာမလို့ပဲ ကိုမဂ္ဂက နင်စိတ်ရှုပ်နေမှာစိုးလို့မလာနဲ့ဦးဆိုလို့"
ထက်ထက်စကားကြောင့် မောင့်ကိုကြည့်မိတော့လရိပ်ကိုစိုက်ကြည့်နေတာနှင့်ဆုံသည်။ ဘာလဲဆိုသည့်ဟန်ဖြင့်မျက်ခုံးပင့်ပြတာမို့ခေါင်းသာယမ်းပြလိုက်ရသည်။
မောင်ပြန်ရောက်လာတာဒီနေ့ကောဆိုသုံးရက်နီးပါးရှိပြီဖြစ်သည်။ သူကိုယ်တိုင်တော့ခဏတဖြုတ်အပြင်ထွက်ပေမဲ့ လရိပ်ကိုတော့ဘယ်ကိုမှပေးမထွက်တာဖြစ်သည်။
"နဒီနှင်းဆီ သေအောင်ရွံဖို့ကောင်းတယ်"
ထက်ထက်ရဲ့ခပ်စွာစွာအပြောကြောင့်လရိပ် ဟက်ကနဲရယ်မိသလို ကိုသူရိန်ကလည်း သူ့မိန်းမလေးသူချစ်မဝစွာကြည့်နေပြန်သည်။
"ဝရမ်းရထားပြီးပေမဲ့နဒီနှင်းဆီကထွက်ပြေးနေတုန်းဆို၊ သတိတော့ထားဦး"
ကိုသူရိန်ကသတိပေးသလိုပြောလာတာမို့လရိပ်ခေါင်းညိတ်ပြလိုက်သည်။ မောင်ကလည်းတွေးဆဆနှင့်ခေါင်းအသာညိတ်ပြပြီးရောက်တတ်ရာရာပြောကြကာ ကိုသူရိန်တို့မောင်နှံကညနေဘက်မှပြန်သွားကြသည်။ ကိုရှိန်းကလည်းဖုန်းနဲ့လှမ်းမေးကာစိတ်ပူနေတာမို့အဆင်ပြေကြောင်းပြောရသေးသည်။
"မောင်.."
"ဗျာ"
"မောင့်ကိုချစ်တယ်"
မဂ္ဂ ကြည်စင်နေသည့်မျက်နှာနုနုကိုချစ်မဝစွာငုံ့နမ်းလိုက်သည်။ ပါးပြင်လေးတွေမို့တက်အောင်ထိပြုံးပြနေတော့မြတ်နိုးလို့မဝတော့။
"ချစ်ရင် ကိုယ်နဲ့လက်ထပ်ပါလား"
"သည်းငယ်က ၁၉နှစ်တောင်မပြည့်သေးဘူးနော်"
"၁၈နှစ်ပြည့်ပြီးပြီလေ"
လရိပ်ပါးကိုရွှတ်ကနဲငုံ့နမ်းရင်းပြောတော့လရိပ်သဘောကျစွာရယ်မိသည်။ အခုရက်ပိုင်းမောင်အကြိုက်ဆုံးဖြစ်နေသည့်စကားက ကိုယ်နဲ့လက်ထပ်ပါလား ဆိုတာပဲဖြစ်သည်။ သတိရတိုင်း၊ အချိန်တိုင်းနီးပါးလိုလိုပြောနေတတ်တာက လိုချင်တာကို မရ ရအောင်ပူဆာတတ်သည့်ကလေးလို။
"သည်းငယ်ကလေ မောင့်ကိုအားနာလိုက်တာ"
"..."
BINABASA MO ANG
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ