03(uni and zawgyi)

33.9K 772 32
                                    

"ပြန်မယ် လရိပ်ပျို"

"ဟင် ‌ဘာမှတောင်မလုပ်ရသေး.."

"နားညည်းတယ်ကွာ ပြန်မယ်"

"ဟုတ်"

သူကပြန်မယ်ဆိုတော့လည်းပြန်ရုံပေါ့။ ကိုယ်ကဘာပြောနိုင်မှာလဲ။

လရိပ်မြန်မြန်ပဲအပေါ်မှထပ်ဝတ်ထားသည့်ယူနီဖောင်းပြာပြာကိုချွတ်လိုက်သည်။ ဘရပ်ကိုသူ့နေရာသူပြန်ထားရင်းဆပ်ပြာရည်တွေကိုတော့ဘာလုပ်ရမှန်းမသိတာမို့ပုံးလိုက်သာစင်ပေါ်တင်ထားခဲ့တော့သည်။
ထို့နောက်စတိုခန်းဘေးမှာရှိသည့်သန့်စင်ခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်လိုက်သည်။

"ကိုမိုင်း ဆောရီးဗျာကိစ္စလေးရှိသေးလို့ပြန်တော့မယ်၊ ကျွန်တော့်ကောင်ကြီးကိုဂရုစိုက်ဖို့လူခေါ်ထားပေးဦး"

"ဟုတ်ပြီမဂ္ဂ အကို့တာဝန်သာထားခဲ့၊ မင်းခေါ်လာတည်းကငါထင်ပြီးသားပါကွာ မင်းကလေးကမလုပ်နိုင်လောက်ဘူးဆိုတာ"

မဂ္ဂက သတိထားကြည့်မှသာမြင်နိုင်မည့်အပြုံးမျိုးကိုပြုံးကာ သတိမထားမိနိုင်လောက်ခင်အချိန်မှာပဲရုပ်သိမ်းလိုက်သည်။

*မင်းကလေးတဲ့ အဟက်*

" ကျေးဇူးဗျာ၊ နောက်မှတွေ့မယ်"

"အိုခေ see you"

မဂ္ဂကားပါကင်မှာပဲဟိုကလေးကိုရပ်စောင့်နေ‌လိုက်သည်။ JACOB&COနဲ့ CR7တို့collaborationလုပ်ထားသည့်ရွှေရောင်ဒိုင်ခွက်မှာအနက်ရောင်ကြိုးဖြင့်FLIGHT OF CR7အမည်ရှိနာရီကိုတစ်ချက်ငုံ့ကြည့်မိတော့နေ့လည်ဆယ့်နှစ်နာရီတိတိဖြစ်နေလေပြီ။

"နေ့လည်စာတစ်ခုခုစားရအောင် ဘာစားချင်လဲ"

နေ့လည်စာစားချိန်မို့ကားထဲဝင်ထိုင်ကာseat beltတပ်နေသူဆီလှမ်းမေးမိတော့

"ရှင် ရပါတယ်၊ လရိပ်အချိန်ပိုင်းအလုပ်ရှိသေးလို့အဲ့ရောက်မှစားလိုက်တော့မယ်"

မဂ္ဂမျက်မှောင်ကြုတ်ကာကြည့်လိုက်မိသည်။ ဒီကလေးမသူ့ကိုမလှိမ့်တပတ်လုပ်ဖို့ကြိုးစားနေတာလား။ အလုပ်သွားချိန်လည်းမဟုတ်ဘဲနဲ့။
သူတွေးနေတာကိုနားလည့်အလား လရိပ်ပျိုက

မောင့် (Completed)Donde viven las historias. Descúbrelo ahora