တွေ့ရာbusကိုတက်စီးလိုက်တာလှည်းတန်းရောက်လာတာမို့လရိပ်လှည်းတန်းစင်တာအနီးရှိ ခေါက်ဆွဲအစပ်ဆိုင်ကိုလာလိုက်သည်။
ဇွန်လရဲ့တစ်မနက်ခင်းလုံးကကြည်စင်နေခဲ့သော်လည်းခေါက်ဆွဲဆိုင်မရောက်ခင်လမ်းတစ်ဝက်မှာတင် တဖွဲဖွဲသည်းလာသည့်မိုးကြောင့်ပြေးလိုက်ရသေးသည်။
အားအကုန်စိုက်ကာပြေးလာတာတောင်ဆိုင်ထဲရောက်တော့တော်တော်ကိုစိုရွှဲနေပြီဖြစ်သည်။"ခေါက်ဆွဲ အစပ်2Xတစ်ပွဲညီမလေး၊ ကိုလာတစ်ဘူးကောယူမယ်"
"ဟုတ် တဘက်ယူမလားရှင့်"
"ရှင်"
"အမစိုရွှဲနေလို့အမ၊ ညီမတို့ဆိုင်ကservicအနေနဲ့ပေးသုံးတဲ့တစ်ခါသုံးတဘက်လေးတွေပြောတာအမ"
"အာ အဲ့တာဆိုတစ်ခုလောက်ရမလား"
"ဟုတ် ယူလာပေးပါ့မယ်"
"ကျေးဇူး"
တဘက်အဖြူလေးဖြင့်ဆံပင်တွေကိုရေပြောင်သွားအောင်အရင်သုတ်လိုက်သည်။
ပြီးမှရေတွေဖြင့်စိုကာရင်ဘတ်၌ပင်ကပ်နေသည့်ရှပ်အဖြူပေါ်မှလွှားခြုံထားလိုက်သည်။
ဒီဆိုင်လေးကလရိပ်အဆင်မပြေသည့်အချိန်တိုင်းလာနေကျနေရာလည်းဖြစ်သည်။ အတိတ်နေ့တွေတုန်းကလည်းအစပ်စားပြီးကျလာသည့်မျက်ရည်တွေဖြင့်အတူရောငိုခဲ့ရတာဖြစ်သည်။ ဒါ့အပြင်ဈေးလည်းသိပ်မကြီးသလိုအရသာလည်းကောင်းသည်လေ။"လရိပ်"
"အယ် ထက်ထက်၊ ဘယ်လာတာလဲ"
ထက်ထက်က လရိပ်ထိုင်နေသည့်စားပွဲမှာဝင်ထိုင်လိုက်သည်။
"မိုးအေးအေးနဲ့ဆိုတော့အစပ်စားချင်လာလို့ခေါက်ဆွဲလာစားတာ၊ ဒါထက်ထက်အကြိုက်ဆုံးဆိုင်လေ"
"ဪ..တစ်ယောက်တည်းလား"
"ဟင့်အင်း ကိုကိုကောပါတယ်၊ သူပါကင်သွားထိုးနေလို့"
"လူတော်တော်ရှုပ်နေတာ စားပွဲရဖို့မလွယ်လောက်တော့ဘူး၊ ထက်ထက်စိတ်မရှိရင်အတူထိုင်လေ"
"ဟော ထိုင်ပဲထိုင်ပြီးနေပြီကို"
"ဟီး"
"ကိုကို့ ဒီလာခဲ့"
YOU ARE READING
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ