10(uni and zawgyi)

37.7K 713 23
                                    

အဆောင်ပြန်ရောက်တော့ရေမြန်မြန်ချိုးလိုက်သည်။ မောင့်ကိုဖုန်းခေါ်သေးသော်လည်းမကိုင်တာမို့စာခဏလုပ်ပြီးနောက် စောစောအိပ်ယာဝင်လိုက်တော့သည်။
မနက်လည်းအလုပ်သွားရဦးမှာဖြစ်သလိုမောင့်ကိုလည်းချော့ရဦးမှာမို့အားအပြည့်ဖြစ်နေမှရမည်လေ။

"မဂ္ဂ မင်းကလီ:ဖြစ်နေတာလား"

"အင်း"

"ဒီ ငါ.."

သူရိန့်သည်းခံနိုင်စွမ်းကအဆုံးစွန်သို့ရောက်နေပြီဖြစ်သည်။ သောက်ရအောင်ဟုဖုန်းဆက်ခေါ်သည်။ ထို့နောက်နားအေးပါးအေးသောက်ချင်သည်ဟုဆိုကာကလပ်အစားဘားသို့လာခဲ့ကြသည်။ ထိုအထိအဆင်ပြေသေးသည်။

အခုဟာကရောက်တည်းကတစ်ခွက်ပြီးတစ်ခွက်ကောက်မော့နေပြီး မင်းတို့ပဲစဥ်းစားကြည့်ကွာ ဆိုတာက‌လွဲဘာမှမပြော။

ဟိုကောင်ရှိန်းကလည်းသူရိန်အတင်းခေါ်လို့သာမတတ်သာလို့လိုက်ခဲ့ရသည်ဆိုသည့်အထာနှင့်မို့ ဒီလေထုကြားမှာသူရိန်ဆက်မနေနိုင်တော့။

"မင်းတို့ပဲစဉ်းစားကြည့်ကွာ"

"လီ:ကိုစဉ်းစားရမှာလား ငါလို:မသား"

ရှိန်းကပါထဆဲတော့မှမဂ္ဂကဝီစကီကိုမော့လိုက်ပြီးသက်ပြင်းရှိုက်သည်။

"ငါပြောမယ်ကွာ သည်းငယ်ကငါတို့တွဲနေတာကိုလျှို့ဝှက်ထားချင်တယ်တဲ့"

သည်းငယ်ဆိုသည့်နာမ်စားကြောင့်ရှိန်းကမျက်နှာကွက်ကနဲပျက်သည်။ သူရိန်ကမသိချင်ယောင်ဆောင်လိုက်ရင်းမဂ္ဂကိုစကားဆက်စေလိုက်သည်။

"ဘာလို့လျှို့ဝှက်ထားချင်တာတဲ့လဲ"

"ငါမမေးလိုက်ဘူး"

"မအေလို: ဟိုကပြောတာကိုမင်းကနားမထောင်တာမဟုတ်လား"

"အင်း"

"မဂ္ဂ မင်း‌ေ-စာက်ကျင့်ကိုပြင်စမ်းပါ၊ တစ်ခုခုဆိုဒေါသကထွက်လာပြီ၊ ဒေါသထွက်လာရင်လည်းဘာမှမမြင်တော့ဘူးပြောချင်ရာပြောတာ ဘာကောင်မှန်းမသိဘူး"

"အင်း ငါလည်းသိတယ်"

သူရိန့်စကားကိုမဂ္ဂကသူ့ဘာသာထောက်ခံနေပြန်သည်။

မောင့် (Completed)Dove le storie prendono vita. Scoprilo ora