တံခါးကိုပိတ်ပေးလိုက်တာနဲ့ဝူးကနဲမောင်းထွက်သွားသည့်ကားအနက်လေး။ ဖိနပ်အိတ်ကိုတစ်ဖက်ကဆွဲလျက်တရှုံ့ရှုံ့ရှိုက်ငိုကာအဆောင်လမ်းအတိုင်းပြန်လာခဲ့ရသည်။
မျက်နှာလေးနီနေလျက်အရှိန်မပြယ်သေးသည့်ရှိုက်သံကြောင့်အခန်းဖော်အမတွေကကြည့်နေပေမဲ့လရိပ်မသိချင်ယောင်ဆောင်ထားလိုက်သည်။ ညအိပ်ဝတ်အင်္ကျီအနွမ်းလေးကိုလဲလိုက်ပြီးတာနဲ့ခုတင်ပေါ်တက်ကာမှောက်အိပ်လိုက်သည်။
မျက်လုံးတွေမှိတ်ထားပေမဲ့လည်းအိပ်မပျော်နိုင်သေး။ တွေးရင်း တွေးရင်းဝမ်းနည်းလာတော့မျက်ရည်သာတသွင်သွင်စီးကျလာပြန်သည်။
အဲ့မောင်ကဘာမှမသိဘဲလူကိုအော်ဖို့ ငေါက်ဖို့ပဲသိသည်။ လူတွေကလရိပ်ကိုဘယ်လိုထင်နေပြီလဲဆိုတာကိုကျနည်းနည်းလေးတောင်မတွေးကြည့်ဖူးဘူးလားမသိဘူး။
"ဟင့်"
တစ်နေ့လုံးစိတ်ကောကိုယ်ပါပင်ပန်းထားတာမို့မျက်လုံးအိမ်လေးတဖြည်းဖြည်းမှေးစင်းလာကာအိပ်စက်ခြင်းဆီသို့ရောက်သွားရသည်။
/
/
/"ခွပ်"
ဖန်ခွက်ကိုအားသုံးပြီးစားပွဲပေါ်ချလိုက်တာမို့ပွတ်တိုက်သံကျယ်ကျယ်ထွက်လာသည်။ ထို့နောက်အောက်ခြေကပ်နေပြီဖြစ်သည့်ဘရန်ဒီပုလင်းကိုယူကာခွက်ထဲထပ်ငှဲ့ထည့်လိုက်သည်။ ရေခဲတုံးနှစ်ခုလောက်ကိုထပ်ညှပ်ယူကာအယ်လ်ကိုဟောထဲနှစ်မြုပ်စေလိုက်သည်။
တုန်ရီနေသည့်ကျောပြင်သေးသေးလေးကိုဘက်မှန်မှတစ်ဆင့်အသေအချာမြင်ခဲ့ရသေးသည်။ ဘယ်လောက်ထိတောင်ငိုနေမလဲလို့တွေးလိုက်မိတော့စိတ်မောရပြန်သည်။
ဖန်ခွက်ကိုယူကာတစ်ကျိုက်တည်းမော့ချတော့ခါးသက်ပြင်းရှကာအေးစက်စက်အရသာက လည်ချောင်းမှတစ်ဆင့်အစာအိမ်သို့စီးဝင်သွားသည်။
"ဒေါက် ဒေါက်"
"သား မာမီဝင်ခဲ့မယ်နော်"
ချပ်ကနဲတံခါးဖွင့်သံနောက်မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ဒေါ်ထားသခင်မျက်ခုံးပင့်လိုက်မိသည်။ ကားကိုဝုန်းဒိုင်းကျဲမောင်းဝင်လာသည့်သားတော်မောင်ကြောင့် ယောက်ျားဖြစ်သူနဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသေးသည်။
ŞİMDİ OKUDUĞUN
မောင့် (Completed)
Romantizmကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ