"မောင့်ပုံမရှိဘူးပဲ"
မောင်ခေါ်သွားသည့်အခန်းကျယ်ကြီးထဲလှည့်ပတ်ကြည့်ရင်းကမေးမိသည်။ မောင်တို့မိသားစုအဆက်ဆက်အတိုင်း ပုံတူပန်းချီကားတွေကိုနံရံထက်ချိတ်ဆွဲထားတာဖြစ်သည်။ မီးရောင်မှိန်ပျပျအောက်မှာပန်းချီတွေကပိုမိုခမ်းနားပြီးတင့်တယ်နေကြသည်။
"ပန်းချီတိုင်းမှာလူနှစ်ယောက်စီပဲလေ သည်းငယ်ရဲ့၊ သတိမထားမိဘူးလား"
အခုမှသေချာကြည့်မိတော့မောင်ပြောသလိုပင်။ ဇနီးမောင်နှံဖြစ်ပုံရမည့်အမျိုးသားနဲ့အမျိုးသမီးတစ်တွဲစီသာရှိသည်။ ဘေးဆုံးမှာရှိသည့်မောင့်ဖေဖေနဲ့မောင့်မေမေပုံကလည်းနှစ်ယောက်တည်းပင်။
"နောက်မှကိုယ်နဲ့သည်းငယ်နဲ့ပုံထပ်တိုးလာမှာပေါ့၊ ပြီးရင်သည်းငယ်နဲ့တူတဲ့သမီးလေးပုံ"
အနောက်မှသိုင်းဖက်ကာပြောလာသည့်မောင့်စကားကြောင့်လရိပ်မှာမျက်နှာလေးရဲတက်ကာလူလည်းရှိန်းတိန်းဖိန်းတိန်းပင်ဖြစ်သွားရသည်။
"သမီးလေးအလှည့်ကျတစ်ယောက်တည်းပုံပဲချိတ်ရမယ်၊ အိမ်ထောင်ပြုဖို့ကိုယ်ခွင့်မပြုနိုင်လောက်ဘူး"
လရိပ်ပါးကိုငုံ့နမ်းကာတွေးဆဆပြောလာသည်မို့လရိပ်ခေါင်းကိုငုံ့ကာရှက်စိတ်ကိုဖုံးကွယ်ထားမိသည်။
"ဘာတွေပြောနေတာလဲမောင်နော်၊ သွားစို့"
လရိပ်ရှက်ရမ်း ရမ်းကာမောင့်လက်ကိုဆွဲခေါ်တော့မောင်ကတမင်ကြီးအံ့ဩဟန်လုပ်သည်။ လက်နှစ်ဖက်နဲ့သူ့နှုတ်ခမ်းသူအုပ်ကာမျက်လုံးကိုလည်းတမင်ပြူးကျယ်ထားသေးသည်။
"သည်းငယ်ကိုယ့်ကိုအပျော်ကြံနေတာလား"
"..."
"ကိုယ့်ကိုရေတိမ်နစ်အောင်လုပ်တော့မလို့လား"
မောင့်ပုံစံကြောင့်လရိပ်မှာကြောင်အပြီးဘာမှမပြောနိုင်ဘဲရပ်ကြည့်နေမိသည်။ မောင်ကတမင်ဟန်လုပ်ကာလရိပ်အနားတိုးကပ်လာပြီးလရိပ်လက်ကိုဆုပ်ကိုင်လာသည်။
"မရဘူးနော် သည်းငယ်နဲ့ကိုယ်အဆင့်ကျော်ပြီးပြီလေ၊ ကိုယ့်ကိုတာဝန်ယူရမယ် သည်းငယ်ကအဲ့လိုလူလား"
YOU ARE READING
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ