13(uni and zawgyi)

36.8K 865 54
                                    

ဝေါကနဲမောင်းဝင်လာသည့်ကားကြောင့် ကျောင်းရှေ့မြက်ခင်းပြင်ပေါ်နှင့် သိပ်မကျယ်ဝန်းလှသည့်ကစားကွင်းလေးတစ်လျှောက် ပြေးလွှားနေကြသည့်လှုပ်ရှားမှုတွေအားလုံးရပ်တန့်သွားခဲ့သည်။ မျက်နှာလေးတွေကပြုံးရယ်နေကြပြီး မျှော်လင့်ချက်အပြည့်မျက်ဝန်းလေးတွေဖြင့် ငေးကြည့်နေကြပြန်သည်။

ဒီလိုကားအကောင်းစားကြီးစီးဝင်လာပါကချစ်ချင်စဖွယ်ဖြစ်အောင်နေကြရမည်ဆိုတာကိုသူတို့လေးတွေအား ဘဝကသင်ပေးခဲ့သည်။ ဒီလိုအချိန်ဆိုထူးဆန်းသောမုန့်တွေနှင့်အရုပ်လှလှလေးတွေလည်းလက်ဆောင်ရတတ်ပြီးကံကောင်းပါကမွေးစားမိဘရနိုင်သည်လေ။

"မမတို့ အထဲဝင်ပါရှင့်"

သွက်လက်စွာဖြင့်လရိပ်လက်ကိုလာဆွဲခေါ်သည့်ကလေးမလေးကိုလရိပ်ငုံ့ကြည့်ကာရယ်ပြမိသည်။ တစ်ချိန်က ကိုယ့်ကိုယ်ကိုယ်ပြန်မြင်နေရသလိုပင်။

"မမကဧည့်သည်မဟုတ်ပါဘူးရှင်၊ မမဘာသာသွားတတ်တာမို့မီးမီးဆော့နေတာဆက်ဆော့လို့ရပါတယ်နော်"

"ဟင် ဧည့်သည်မဟုတ်ဘူးလား"

ကလေးမလေးကအနည်းငယ်ထူးဆန်းသွားပေမဲ့သူ့အလှည့်ရောက်ပြီဟုလှမ်းခေါ်သံကြောင့်နောက်လှည့်မကြည့်တမ်းပြေးသွားတော့သည်။

လရိပ်၁၆နှစ်၊ ဂေဟာကထွက်လာပြီးတည်းကတစ်ခါမှထပ်မရောက်ဖြစ်ခဲ့။ ၃နှစ်နီးပါးဝေးကွာခဲ့ပေမဲ့လည်းအကုန်အရင်ကအတိုင်းပင်။

လရိပ်တို့တွယ်ဖက်ကုပ်တက်နေကျကုက္ကိုပင်အိုကြီးကလည်းသူ့နေရာမှာငြိမ်သက်နေသည်။ ရေသဖန်းပင်ကိုင်းတွေကိုအမှီပြုကာလုပ်ထားသည့်တစ်ယောက်စီးသစ်သားဒန်းနှစ်ခုကလည်းဟိုးအရင်ကလိုလေအဝှေ့မှာရွေ့နေဆဲ။

လရိပ်တို့လက်ထက်တုန်းကပျဉ်ထောင်တန်းလျားကတော့အုတ်တွေဖြင့်ပြောင်းလဲဆောက်ထားသည်။ ပင်မဆောင်ရှေ့ကသရက်ပင်ပုလေးအားမြင်တော့မောင့်လက်ကိုဆွဲကာခပ်တိုးတိုးခေါ်တော့မောင်ကလေသံလေးဖြင့်ထူးလာသည်။

"အဲ့တာလေ သည်းငယ်စိုက်ထားတာ"

မောင်ကလရိပ်ကိုငဲ့ကြည့်လာတော့လရိပ်ဂုဏ်ယူဝင့်ကြွားဟန်ပြလိုက်သည်။

မောင့် (Completed)Donde viven las historias. Descúbrelo ahora