26(uni and zawgyi)

35.1K 733 13
                                    

"ထက်ထက်နဲ့လရိပ်ကဘာမှစာရင်းမပေးထားပါဘူးလား"

EC၏အမေးကိုပြုံးပြပြီးမှခေါင်းလေးခါရုံသာခါလိုက်ကြသည်။

"မီတာ၁၀၀ဖြစ်ဖြစ်ပြိုင်ကြလေ"

"တော်ပါပြီ.."

ကျောင်းအားကစားပွဲမို့အားလုံးကတက်ကြွနေကြသည်။ မေဂျာအလိုက်uniformဆင်တူဝတ်ထားကြပြီးကျောင်းရှေ့အားကစားကွင်းပြင်ကျယ်ကြီးပေါ်မှာဥဒဟိုသွားလာလှုပ်ရှားနေကြသည်။

တာတို၊ တာရှည်၊ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွေ၊ basketball, volleyballစသည့်အားကစားပွဲတွေပြီးနောက်အားလုံးရဲ့စိတ်ဝင်စားမှုတွေကမေဂျာဘောလုံးပွဲဆီရောက်သွားရတော့သည်။

ဗိုလ်လုပွဲကိုလရိပ်တို့medicalနဲ့physicsကရောက်သွားတာမို့ကွင်းလုံးအပြည့်အားပေးသံတွေနဲ့မြိုင်ဆိုင်နေသည်။

"ဖိဆစ်တဲ့တစ်ဆစ်ပဲရှိတယ်"

"ရှိတဲ့တစ်ဆစ်ကိုခွဲခန်းသုံးတဲ့ဓားနဲ့ဖြတ်ထုတ်လိုက်ရ"

Physicsဘက်ခြမ်းကညော်သံပေးသည်ကိုလရိပ်တို့medical major final yearကthe whole queenစီနီယာမမကပြန်အော်သည်မို့တစ်ကွင်းလုံးဝါးကနဲပွဲကျသွားရသည်။

ကွင်းလယ်ကအားကစားသမားတွေကသွေးပူလေ့ကျင့်ခန်းလုပ်နေတုန်းဆိုပေမဲ့ပရိတ်သတ်တွေကြားကတိုက်ပွဲကတော့ပြင်းထန်နေပြီဖြစ်သည်။ တခြားမေဂျာကသူတွေကတော့ဗိုလ်လုပွဲအတွက်ရန်ကြိုဖြစ်နေကြသည့်မေဂျာနှစ်ခုကိုကြည့်ရင်းရယ်ရသည်မှာအူပါနာနေကြပြီဖြစ်သည်။

"ရင်မှာခိုနား အကြင်နာပိုသွား မယ်ဒီကယ်ကမောင်လေးတွေအာဘွား"

ကွင်းလယ်ဒိုင်ကဝီစီမှုတ်ကာပွဲစလိုက်တယ်ဆိုရင်ပဲဟိန်းကနဲထွက်လာသည့်Queenမမအသံကြောင့်မယ်ဒီကယ်က ကစားသမားတွေမျက်နှာကသကာရည်လောင်းသလိုချိုသွားကာကွင်းပတ်ပြေးကြတော့သည်။

"လရိပ်နဲ့ထက်ထက် အကို့ကိုကစားသမားတွေရေကမ်းဖို့ကူပေးပါဦး၊ volleyballမှာထိသွားတဲ့ကောင်လေးကမသက်သာဘူးဆိုလို့သွားကြည့်မလို့"

မေဂျာခေါင်းဆောင်ရဲ့စကားကြောင့်လရိပ်တို့ပွဲကြည့်စင်ကနေကွင်းထဲဆင်းခဲ့လိုက်တော့သည်။ လရိပ်တို့ကကဘယ်ပွဲမှာမှမပါထားတာမို့ဒီလိုအကူအညီလောက်ကပေးကိုပေးရမည်ဖြစ်သည်။

မောင့် (Completed)Where stories live. Discover now