အဖြူရောင်အောက်ခံရှပ်ပေါ်မှအဖြူရောင်coatကိုထပ်ဝတ်ထားသည့်သူရိန်။ နီညိုရောင်စတိုင်လ်ပန်နှင့်အတူလည်ပင်းမှာလည်းနီညိုရောင်ribbonကိုသေချာစီးနှောင်ထားသေးသည်။ ပြောင်လက်နေသည့်ရှူးဖိနပ်အနက်ရောင်ဝတ်ထားသည့်ခြေထောက်တွေကတော့စိတ်လှုပ်ရှားလွန်းသဖြင့်အနည်းငယ်လှုပ်ရွလှုပ်ရွဖြစ်နေသည်ကိုသေချာကြည့်မိလျှင်တွေ့နိုင်ပါသည်။
ဧည့်ပရိသတ်တွေကြားအရှေ့နားကစားပွဲမှာထိုင်ကာလက်လှမ်းပြနေသည့်မဂ္ဂနဲ့ရှိန်းကိုခပ်သာသာပြန်ပြုံးပြရင်းခန်းမဝင်ပေါက်ကိုစိတ်လှုပ်ရှားစွာလှမ်းကြည့်နေမိသည်။
မဂ္ဂအလိုကျဖြစ်စေရန်ဂုတ်အောက်ကျသည့်ဆံပင်တွေကိုအနောက်ဘက်ဆီမှာတစ်ထပ်စည်းနှောင်ထားပြီးပန်းခွေလေးကိုလည်းခေါင်းပေါ်မှာတင်လျက်ပန်ဆင်ထားသည့်လရိပ်ကကြိမ်ခြင်းထဲမှနှင်းဆီပွင့်ဖတ်လေးများကိုသေချာစွာကြဲချနေသည်။
မဂ္ဂရဲ့ဆန္ဒအရပဲသတို့သမီးအရံမဟုတ်တော့ဘဲပန်းခြင်းကိုင်ဖြစ်သွားရတာဖြစ်သည်။
လရိပ်အနောက်ကနေတစ်လှမ်းချင်းလှမ်းလာနေသည့်ထက်ထက်ကစိတ်ကြိုက်ရွေးချယ်ထားသည့်weeding dressအဖြူရောင်လေးနှင့်စွဲမက်ဖွယ်အတိ။
ခြေတစ်လှမ်းတိုင်းကကုဋေတစ်သန်းတန်သည်ဆိုတာအမှန်ပင်ဖြစ်ပေလိမ့်မည်။ အညိုရောင်ဆံပင်ရှည်တွေရှိသည့်ဦးခေါင်းထက်မှာစည်းနှောင်ထားသည့်ပုဝါဖြူကခပ်လွင့်လွင့်။ ဂါဝန်စကိုလက်နှစ်ဖက်နဲ့အနည်းငယ်ပင့်မကာခြေလှမ်းညီညီနဲ့လျှောက်လာနေသည့်ထက်ထက်ကသူရိန်နဲ့အကြည့်ချင်းဆုံမိတော့ရှက်ဝဲဝဲလေးပြုံးပြပြန်သည်။
တကယ်ကိုပိုင်ဆိုင်ရပါပြီလားဆိုသည့်အတွေးကသူရိန့်ကိုကြည်နူးမျက်ရည်ဝဲစေသည်။ ပါးချိုင့်ခွက်ခွက်ကိုနစ်ဝင်အောင်ထိပြုံးထားကာသတို့သမီးဆီမြတ်နိုးစွာကြည့်နေသည့်သတို့သားကြောင့်ခန်းမထဲကဧည့်သည်တွေကလည်းခပ်ပြုံးပြုံး။
သူရိန့်မျက်လုံးထဲမှာတော့အနောက်ကလိုက်လာနေသည့်သတို့သမီးအရံလေးကိုလည်းမမြင်တော့။ ပြီတီတီကြည့်နေကြသည့်မဂ္ဂနဲ့ရှိန်းဆီလည်းအာရုံမရ။ ခန်းမထဲလွင့်နေသည့်သီချင်းသံကိုလည်းကြားတစ်ချက်၊ မကြားတစ်ချက်။ မီးရောင်ဖြူဖြူအောက်မှာရူးလောက်အောင်လှနေသည့်အဖိုးတန်လေးကိုသာမြင်တော့သည်ဖြစ်သည်။
YOU ARE READING
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ