"ကိုယ်စင်္ကာပူကရုံးခွဲကိုသွားရမယ် သည်းငယ်"
နှစ်သစ်ကူးရုံးပိတ်ရက်ပြီးနောက် ပစ်ထားသည့်အလုပ်တွေအကုန်ပြန်လုပ်ရတာမို့မအားလပ်။ အခုလည်းစင်္ကာပူကရုံးခွဲမှာအနည်းငယ်ပြဿနာရှိတာကမဂ္ဂကိုယ်တိုင်သွားမှသာဖြစ်မည်။
"ဘယ်တော့လဲဟင် ဘယ်လောက်ကြာမှာလဲ"
"နောက်အပတ်ထဲသွားဖြစ်မယ်ထင်တယ်၊ အနည်းဆုံးသုံးပတ်လောက်"
လရိပ်မျက်နှာလေးမဲ့ကျသွားသည်။ မောင်ကသဘောကျသလိုရယ်လိုက်ပြီးမှလရိပ်ကိုရင်ခွင်ထဲထည့်ဖက်လိုက်သည်မှာတင်းတင်းကျပ်ကျပ်။
"အကြာကြီး.."
"ကိုယ့်ကိုလွမ်းနေမှာလား"
"အများကြီးလွမ်းနေမှာ"
"ပြန်လာရင်လက်ထပ်ကြမယ်"
"သည်းငယ်ဘွဲ့ရပြီးမှ"
"ငါးနှစ်တောင်စောင့်ရမှာလား"
"မစောင့်နိုင်ဘူးလား"
"အင်း ချက်ချင်းလက်ထပ်ချင်တယ်"
မောင့်နှုတ်ခမ်းနွေးနွေးကလရိပ်နှုတ်ခမ်းပေါ်ဖိကပ်လာကာဖြည်းဖြည်းချင်းစုပ်ယူသည်။ နူးနူးညံ့ညံ့တစ်လွှာချင်းနမ်းရှိုက်တော့တုံ့ပြန်မိတော့သည်။ အမြဲတမ်းအနမ်းကြမ်းတွေပဲပေးတတ်တဲ့မောင်ကဒီလိုနူးညံ့နေပြီဆိုရင်လည်း လရိပ်မှာရင်တဒိတ်ဒိတ်ခုန်ရပြန်သည်။
/
/
/မောင်ကmovie dateရအောင်လို့ပြောလာတုန်းက ခါတိုင်းလိုပဲကွန်ဒိုမှာရုပ်ရှင်ကြည့်ကြမည်လို့ထင်ထားတာဖြစ်သည်။ လရိပ်ကလည်းမတောင်းဆိုဖူးသလိုမောင်ကလည်းစကား မစတာမို့ရုပ်ရှင်ရုံမှာတစ်ခါမှဒိတ်မလုပ်ဖူးခဲ့။
"သည်းငယ် ပေါက်ပေါက်သွားဝယ်ဦးမယ်"
"ကိုယ်လိုက်ခဲ့မယ်လေ"
"ဒီနားတင်ပဲကို၊ လှမ်းကြည့်ရင်တောင်မြင်ရတယ်"
ရုပ်ရှင်ချိန်လိုသေးတာမို့ထိုင်စောင့်နေရင်းကလရိပ်ပြောတော့မောင်ကလည်းချက်ချင်းထရပ်သည်။ ပိုတတ်ရန်ကောဆိုပြီးမျက်စောင်းထိုးတော့မှလရိပ်ဆံပင်တွေကိုခပ်သာသာဖွကာခေါင်းညိတ်ပြသည်။
YOU ARE READING
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ