First semesterအတွက်စာမေးပွဲရှိတာမို့စာလုပ်နေရသဖြင့်မောင်နှင့်အတူအချိန်းမဖြုန်းနိုင်။ လရိပ်မှမဟုတ်၊ မောင်ကလည်းexamရှိသည့်အပြင် မောင့်အဖေကုမ္ပဏီမှာဝင်ကူနေပြီမို့တစ်ပတ်မှာသုံးရက်သာကျောင်းလာတော့သည်။
မောင်တို့ကဒီsemesterပြီးလို့နောက်တစ်လလောက်တက်ပြီးတာနဲ့ဘွဲ့ရတော့မည်ဖြစ်သည်။"ထက်ထက်ကဘာလို့လရိပ်ပျိုနဲ့မပေါင်းတော့တာလဲ"
"ဟင်"
"စိတ်ဓာတ်မကောင်းလို့လား၊ ကြည့်တော့မှသူငယ်ချင်းလည်းရှိမဲ့ပုံမပေါ်ဘူး"
ကန်တင်းမှာလရိပ်တစ်ယောက်တည်းနေ့လည်စာထိုင်စားနေသည်ကိုကြည့်ကာထက်ထက်ဘေးက ကောင်မလေးကပြောလာခြင်းဖြစ်သည်။
အမှတ်မထင်ထက်ထက်တို့ဝိုင်းကိုကြည့်လိုက်မိတော့ထက်ထက်၏စူးစိုက်ကြည့်နေသည်မျက်လုံးတွေနှင့်ဆုံသည်။ လရိပ်မသိလိုက်ခင်မှာခေါင်းကိုငုံ့လိုက်မိသည်။
ကျန်နေသေးသည့်ထမင်းကိုပါးစပ်အပြည့်ထည့်လိုက်ပြီးနောက်ဝါးတောင်မဝါးတော့ဘဲပလုတ်ပလောင်းဖြင့်ထထွက်လာလိုက်သည်။
အရင်လိုairplane modeလုပ်မထားတတ်တော့သည့်ဖုန်းလေးမှvibratesကြောင့်ထုတ်ကြည့်မိတော့ မောင့်ဆီမှ။
Answer keyကိုဖိလိုက်ပြီးကျောင်းအနောက်ဘက်ကိုထွက်လာလိုက်သည်။ နေ့လည်စာစားချိန်မို့လူရှင်းနေမှာသေချာသည်လေ။
"ဟုတ် မောင်"
"နေ့လည်စာ စားပြီးပြီလားသည်းငယ်လေး"
"ဟုတ် အခုပဲ မောင်ကော"
"သည်းငယ်နဲ့ဖုန်းပြောပြီးမှ"
"နောက်ကျနေပြီလေမောင်ရဲ့၊ အရင်စားလိုက်နော်ပြီးမှဖုန်းပြန်ခေါ်လိုက်မယ်"
"ပြီးရင်သည်းငယ်ကအတန်းပြန်သွားပြီးမအားဘူးဖြစ်တော့မှာလေ"
မဂ္ဂအလိုမကျသလိုပြောမိတော့သည်းငယ်ဘက်ကနေခပ်သဲ့သဲ့ရယ်သံထွက်လာသည်။ မဂ္ဂကER groupရဲ့ဆောက်လုပ်ရေးမှဟော်တယ်ခွဲတစ်ခုထပ်ဖွင့်ဖို့အတွက်ပရောဂျက်ကိုတာဝန်ယူထားရတာမို့လုံးဝမအားလပ်သလို သည်းငယ်ကလည်းစာချည်းပဲဖိလုပ်နေတာဖြစ်သည်။
KAMU SEDANG MEMBACA
မောင့် (Completed)
Romansaကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ