ဒီဇိုင်နာချုပ်အညိုရောင်suitဖြင့်မောင်က နာမည်ကြီးbrandဖြစ်သည့်နေကာမျက်မှန်အမဲကိုလည်းတပ်ထားသေးသည်။ Mercedes Benzအနက်ရောင်ကိုစတိုင်ကျကျမှီရပ်နေရာမှလရိပ်ကိုတွေ့တော့ကိုယ်ကိုမတ်ကာမျက်မှန်ကိုချွတ်ပြီးစိုက်ကြည့်နေတာမို့မောင့်အနားရောက်အောင်ခပ်သုတ်သုတ်သွားလိုက်မိသည်။
"ဘယ်သွားနေတာလဲ"
"ဟင် သည်းငယ်.."
ရုတ်တရက်မို့အဖြေမရှိ။ မောင်ကမျက်မှောင်ကြုတ်ကာစိုက်ကြည့်နေတာမို့တံတွေးတစ်ချက်မျိုချလိုက်မိသည်။ ကျောင်းရှေ့မှာဖြစ်တာမို့ကျောင်းသားတွေကကွက်ကြည့်ကွက်ကြည့်။
"သည်းငယ်အလုပ်သွားထွက်တာလေ.."
မောင်ကစိုက်ကြည့်နေရာမှခေါင်းတစ်ချက်ညိတ်ပြသည်။
"နောက်ဆိုဖုန်းကိုကိုင် ကြားလားသည်းငယ်"
"ဟုတ်"
"မနက်စာ စားပြီးပြီလား"
"ဟုတ် မောင်ကော"
"ကိုယ်ကရတယ် ဝင်တော့"
"ဟုတ်"
လရိပ်ကမောင့်အနားပိုတိုးကပ်သွားလိုက်ကာဟိုဒီတစ်ချက်ဝေ့ကြည့်ပြီးမှမောင့်ခေါင်းကိုအတင်းငုံ့ချခိုင်းကာနှုတ်ခမ်းကိုမော့နမ်းလိုက်သည်။ မောင်ကကျေနပ်သလိုပြုံးသွားပြီးမှလရိပ်ဆံပင်တွေကိုဖွကာကျောင်းပေါက်ဝကိုမေးဆတ်ပြတာမို့ကျောင်းထဲဝင်လာခဲ့လိုက်တော့သည်။ မောင်ကရပ်ကြည့်နေမှာဖြစ်ပြီးလရိပ်ကျောပြင်ကိုမမြင်ရတဲ့ထိဖြစ်သွားမှကားပေါ်တက်ကာမောင်းထွက်သွားမှာဖြစ်သည်။
"ထက်ထက်"
အတန်းထဲမှာငြိမ်ငြိမ်လေးထိုင်နေသည့်ထက်ထက်ကိုတွေ့တော့လရိပ်အပြေးသွားမိသည်။ အနည်းငယ်ဖြူဖျော့ကာချောင်ကျနေသည့်မျက်နှာလေးနှင့် လရိပ်ကိုခပ်ယဲ့ယဲ့ပြုံးပြရှာသည်။
"အဆင်ပြေရဲ့လား"
"လွမ်းနေတာ"
လရိပ်ကိုအတင်းဆွဲဖက်တော့ပြန်ဖက်ထားလိုက်မိသည်။ တစ်ပတ်ကျော်ကျော်လောက်ကျောင်းပျက်ထားတာမို့Noteထုတ်ထားသည့်စာအုပ်ကိုပေးတော့ထက်ထက်ကရယ်သည်။
YOU ARE READING
မောင့် (Completed)
Romanceကိုယ်က မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ ကမ္ဘာတစ်ခြမ်းကို ကိုယ်ကပိုင်ပြီး မင်းက ကိုယ့်လက်ကို မဖြုတ်ချရင်တော့ ကမ္ဘာကြီးတစ်ခုလုံးကို မင်းကပိုင်လိမ့်မယ်။ •မောင်ဆောင်းခ