💕 Z.O.K 🌹 1

14.3K 422 6
                                    

✍️ Unicode

တက္ကသိုလ်တွေစဖွင့်တဲ့အချိန်။မိုးရာသီကိုမရောက်တရောက်။ကောင်းကင်ကနေမိုးစက်တွေတော့စပြီးကျလာတတ်ပြီဆိုပါတော့။

မိုးရာသီကိုအတိအကျမရောက်သေးပေမဲ့ တစ်ကြိမ်နှစ်ကြိမ်မကမိုးရွာပြီးခဲ့ပြီမို့ သစ်ပင်တွေမှာတော့ စိမ်းစိမ်းစိုစိုအရွက်တွေက ဝေဝေဆာဆာရှိနေခဲ့ကြပြီ။

ကျောင်းစဖွင့်ချိန်မို့ စာကလည်းသိပ်မသင်သေး။ပြောရရင် canteen မှာကျောင်းသူ ကျောင်းသားတွေပေါများနေတုန်း။

ဈာန်ဦးခေတ်တို့ထိုင်နေတဲ့ canteen ကလူအစည်သား။သစ်ပင်စိမ်းစိမ်းစိုစို‌တွေအောက်မှာ ခုံကလေးတွေချထားတာမို့ အအေးဓာတ်ကိုရတဲ့အပြင် လေကောင်းလေသန့်လဲရှူရှိုက်ရတာကိုး။

စိတ်ကူးယဉ်တတ်သူတွေအတွက်ကတော့ တောအုပ်ထဲကို picnic ပဲထွက်နေရသလိုလို။ပြီးတော့ သစ်ရွက်တွေကြားထဲကနေ ဖောက်ဝင်လာတဲ့နေရောင်ခြည်အလင်းတန်းတွေကြောင့်ပဲ ဒီ canteen ကပိုပြီးကဗျာဆန်နေသလားတော့မသိ။ပိုပြီးလူစည်နေတာလားလဲမသိ။

ဈာန်ဦးခေတ်တို့ထိုင်နေကြဆိုင်က ထမင်းကြော်၊ထမင်းဆီဆမ်း၊ထမင်းသုပ်၊ခေါက်ဆွဲ၊မုန့်ဟင်းခါး၊ရှမ်း၊လက်ဖက်ရည်၊‌ကော်ဖီ၊ပဲပလာတာ၊နံပြား စားစရာတော်တော်စုံစုံရတာအပြင် လက်ရာကလည်းကောင်းတာမို့ တခြားဆိုင်တွေထက် ကျောင်းသူကျောင်းသားတွေက တော်တော့်ကိုများတာ။

စားစရာမှာကြတဲ့အသံ၊ တစ်ယောက်နဲ့တစ်ယောက်စကားပြောနေကြတဲ့အသံက ဆူညံတာထက် ဟိုဘက်ကိုပိုသေး။ဒီလို ဆူညံနေတဲ့အသံတွေကြားထဲမှာ ဈာန်ဦးခေတ်တို့ဝိုင်းကတော့တိတ်တိတ်ဆိတ်ဆိတ်။

ယောက်ျားလေးဆိုလို့ ဈာန်ဦးခေတ်တစ်ယောက်သာပါတဲ့ သူငယ်ချင်းသုံးယောက်အုပ်စုလေးမှာ တစ်ချက်တစ်ချက်မှစကားပြောနေသူက ရောင်စဉ်ခြယ် တစ်ယောက်တည်း။

ဈာန်ဦးခေတ်အပါအဝင်ကျန်မိန်းကလေးတွေနှစ်ယောက်ကတော့ စားပွဲပေါ်ကစားစရာတွေကိုအကြောင်းမဲ့ငေးလို့။

" ငါ… နင့်ကို တကယ်အားနာမိတယ်… "

အားနာတယ်လို့ပြောလိုက်တဲ့ ရောင်စဉ်ခြယ်ရဲ့အသံက အသက်သိပ်မပါသလို ခြောက်ကပ်ကပ်နဲ့။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now