💕 { Khit }² 🍷🌹 30

2.4K 111 13
                                    

✍️ Unicode

" ကိုကြီးရှိလား…… "

ညနေဘက်လာတဲ့ cartoon ကားထိုင်ကြည့်နေတုန်း အိမ်နောက်ဘက်တံခါးကနေဝင်လာရင်းမေးလိုက်တဲ့ဝိုင်းဝိုင်းကို ခေါင်းညိတ်ပြလိုက်ပေမဲ့ မျက်လုံးကိုတော့ T.V screen ကနေမခွာမိ။

T.V ကလာနေတဲ့ cartoon ကားကိုကြိုက်လွန်းလို့ကြည့်နေတာမဟုတ်ဘဲ အကြောင်းမရှိအကြောင်းရှာပြီး အောင်ဘုန်းခေတ်ဆီခဏခဏလာတတ်တဲ့ ဝိုင်းဝိုင်းဆိုတဲ့ကောင်မလေးကိုအမြင်ကပ်လို့ဆိုတာ ကိုယ့်ဟာကိုယ်တော့အသိသား။

အခုလဲ T.V screen ကနေမျက်နှာမခွာမိပေမဲ့ မျက်လုံးကိုထောင့်ကပ်ရင်း ဝိုင်းဝိုင်းရဲ့လှုပ်ရှားမှုကိုမသိမသာအကဲခတ်နေမိပြန်တာပဲ။

" ဘယ်နားမှာလဲ…… "

အိပ်ခန်းတံခါးဘုကိုကိုင်ပြီး အိပ်ခန်းထဲဝင်ဖို့လုပ်နေတဲ့ကောင်မလေးကို ဈာန်ဦးခေတ်စိတ်မရှည်ချင်။ယောက်ျားလေးတွေအိပ်တဲ့အိပ်ခန်းထဲကို လက်ရဲဇက်ရဲဝင်စရာလား။ဆတ်ဆလူးနတ်ပူးဒီကောင်မလေးကို ဈာန်ဦးခေတ်ဘယ်လိုမှကြည့်မရ။

" မီးဖိုထဲမှာ… အောင်ဘုန်းခေတ် ဒီမှာမင်းအချစ်တော်လာတယ်…… "

မီးဖိုခန်းဘက်လှည့်ပြီး အသံပြဲနဲ့အော်ပေးလိုက်တဲ့အခါ ဝိုင်းဝိုင်းရဲ့မျက်စောင်းတစ်ချက်က ဒိုင်းခနဲ။

" လူကဖြင့်ကြီးလှပြီ… ကြည့်နေတာက cartoon ကားတဲ့… ဟွန်းမပြောလိုက်ချင်ဘူး…… "

ငါ့ဟာငါကြည့်တာဘာဖြစ်လဲလို့ပြန်ပြောလိုက်ချင်ပေမဲ့ မိန်းကလေးတစ်ယောက်နဲ့တုရန်တွေ့သလိုဖြစ်မှာစိုး‌တာကြောင့် ဈာန်ဦးခေတ်ပြန်မပြောဖြစ်လိုက်။ဒါပေမဲ့ အမြင်ကပ်ကပ်နဲ့ပြန်ပြောချင်တဲ့စိတ်ကိုမျိုချလိုက်ရတာ ဂလုခနဲတောင်အသံတွေထွက်လို့။

" ကိုကြီးရေ ညစာဘာဟင်း‌တွေချက်လဲ… ချစ်လဲဒီအိမ်မှာထမင်းစားမှာနော်…… "

ဝိုင်းဝိုင်းချစ်ဆိုတဲ့နာမည်ကို လူတကာကဝိုင်းဝိုင်းလို့ခေါ်ကြပေမဲ့ သူ့ကိုယ်သူတချစ်ချစ်နဲ့သုံးကတည်းက ဈာန်ဦးခေတ်အမြင်ကပ်နေခဲ့တာ။

" စားစေဗျာ… "

" ဘာဟင်းတွေချက်လဲ… လို့…… "

💕 ပိုးမျှင်ကြိုးWhere stories live. Discover now