💕 { Khit }² 🍷🌹 25

2.5K 126 13
                                    

✍️ Unicode

မျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ ဒီနေရာဟာကိုယ်နဲ့အစိမ်းသက်သက်ဆိုတာ ဈာန်ဦးခေတ်စိတ်ထဲကသိလိုက်ပြီ။

ဖွေးလွနေတဲ့မျက်နှာကျက်၊အဖြူရောင် wall paper ကပ်ထားတဲ့ နံရံတွေ၊ပြတင်းတံခါးဆီမှာတလွင့်လွင့်ဖြစ်နေတဲ့ အဖြူရောင်လိုက်ကာစ၊အိပ်ရာခင်းဖြူဖြူအပါအဝင် ဈာန်ဦးခေတ်ခြုံထားတဲ့စောင်အထိ ဖွေးဖွေးဆွတ်လို့။

မျက်စိထဲဝင်ဝင်လာသမျှတွေအားလုံးကအဖြူရောင်တွေလွှမ်းခြုံထားတာပဲ။

သေချာကြည့်မိတော့မှ အားလုံးအဖြူရောင်ဖြစ်နေတာကလွဲရင် ဒါကဈာန်ဦးခေတ်အိပ်ခန်းနဲ့ဆင်တူနေတာပဲ။ဘယ်လောက်ထိတူသလဲဆိုရင် အခန်းထဲမှာရှိတဲ့ပစ္စည်းပစ္စယတွေကစ ဈာန်ဦးခေတ် အိပ်ခန်းထဲကပစ္စည်းတွေအတိုင်း။

ဈာန်ဦးခေတ်အိပ်နေတဲ့အိပ်ရာကတော့ နှစ်ယောက်အိပ်ကုတင်အကြီးကြီး။ညတုန်းက‌ဈာန်ဦးခေတ်ဘေးမှာတစ်ယောက်ယောက်အိပ်ခဲ့တဲ့ဟန်။အိပ်သွားတဲ့သူဆီကျန်ခဲ့တဲ့ကိုယ်သင်းနံ့ကိုတောင် ဈာန်ဦးခေတ်သိနေသလိုလို။

စမ်းတဝါးဝါးနဲ့အိပ်ရာကထ ရေချိုးခန်းဝင်ကိုယ်လက်သန့်စင်ပြီးလို့အပြင်ထွက်လာတော့ ဈာန်ဦးခေတ်အိပ်ခဲ့တဲ့အိပ်ရာကခေါက်ထားပြီးသား။

ညည်းစီစီဖြစ်နေလို့ရေချိုးခန်းထဲမှာ ရေချိုးပစ်ခဲ့တာမို့အဝတ်အစားလဲမလို့ ခရီးဆောင်အိတ်ရှာပေမဲ့မတွေ့။ဒါဆိုခရီးတစ်ခုခုထွက်လာတာမဟုတ်ဘူးလား။တွေးရင်းတွေးရင်း ခေါင်းတွေတောင်ချာချာလည်လာသလိုဖြစ်ပြီ။

မနေ့က first year စာမေးပွဲပြီးတဲ့နေ့။စာမေးပွဲပြီးတော့ ဂျူးဆက်သွယ်က canteen မှာဒီနှစ်ရဲ့နောက်ဆုံးအနေနဲ့ထမင်းစားကြမယ်ဆိုပြီး ထမင်းစားနေကြတုန်း အောင်ဘုန်းခေတ်ရောက်လာခဲ့တာ။သူ့ကားကဘရိတ်ဆီယိုနေလို့ ဈာန်ဦးခေတ်ကားနဲ့အိမ်ပြန်လိုက်ချင်လို့ဆိုပြီးရောက်လာခဲ့တာ။

ထမင်းစားကြပြီးတော့ အောင်ဘုန်းခေတ်ကကားကိုသူမောင်းခဲ့မယ်ဆိုပြီး အောင်ဘုန်းခေတ်မောင်းတဲ့ကားပေါ်မှာ ဈာန်ဦးခေတ်အိပ်ပျော်သွားခဲ့တာ အခုမှနိုးတာပဲ။ဒီနေ့ကဘာနေ့လဲ။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now