💕 { Khit }² 🍷🌹 22

2.3K 110 10
                                    

✍️ Unicode

အခန်းရှေ့ရောက်ရောက်ချင်း တွေ့လိုက်ရတာက အခန်းတံခါးလက်ကိုင်ဘုမှာချိတ်ထားတဲ့ ကျွတ်ကျွတ်အိတ်အမဲတစ်ခု။စိတ်ဝင်တစားဖွင့်ကြည့်လိုက်တော့ အထဲမှာကြက်သံပုံးကင်ထည့်ထားတဲ့ဖော့ဘူး။

အကြိုက်ဆုံးအစားအစာတစ်ခုမို့ ဈာန်ဦးခေတ်စိတ်ထဲမှာလှိုက်ခနဲ။ဒါက အောင်ဘုန်းခေတ်လာပေးထားတာပဲဖြစ်မှာ။

အခန်းထဲရောက်ရောက်ခြင်းဖော့ဗူးကိုဖွင့် ကြက်သားတုံးတစ်တုံးကိုတူနဲ့ညှပ် ပါးစပ်နားအထိရောက်အောင်ယူပြီးကာမှ အောင်ဘုန်းခေတ်စကားတွေပြန်ကြားယောင်လာမိ။

" ညီ… စားစရာတွေကို ညီကိုယ်တိုင်ဝယ်လာမဟုတ်ဘဲ ရောက်လာတာဆိုရင်လုံးဝမစားနဲ့… တစ်ယောက်ယောက်ကပေးလိုက်တာဆိုပြီး သူငယ်ချင်းတွေယူလာပေးရင်လဲမစားနဲ့… နောက်ဆုံး အောင်ဘုန်းခေတ်ဆိုပြီး ကိုယ့်ရဲ့နာမည်နဲ့ရောက်လာရင်တောင်မစားနဲ့… ကိုယ်ကိုယ်တိုင်ကယူလာပေးတာဆိုရင်တော့တစ်မျိုး……… "

ပါးစပ်ထဲထည့်လက်စကြက်သားတုံးကို ဗူးထဲပြန်ထည့်ထားလိုက်ရပေမဲ့ စိတ်ထဲကတော့မကျေမနပ်။ဒီစကားကိုအတည်ပေါက်နဲ့ပြောခဲ့တာမို့ အောင်ဘုန်းခေတ်စကားကိုဥပေက္ခာမပြုရဲ။

ထူးခြားတာတစ်ခုခုကိုသတိထားခဲ့မိတာပဲနေမှာ။ကျောပိုးအိတ်ထဲက အောင်ဘုန်းခေတ်ပေးထားတဲ့ဖုန်းကိုထုတ်ပြီးဆက်လိုက်တော့ ဖုန်းကိုချက်ချင်းကောက်ကိုင်လိုက်တာပဲ။

" ပြောညီ…… ဘာဖြစ်လို့လဲ…… "

" ငါ့အိပ်ခန်းတံခါးဝမှာ ကြက်သံပုံးကင်အထုပ်ရောက်နေတာရှိတယ်… အဲဒါ မင်းကမစားနဲ့ဆိုလို့မစားရသေးဘူး… လာကြည့်ချင်ကြည့်လှည့်ဦး…… မကြည့်တော့ဘူးဆိုလဲ စားတော့မလို့…… "

" ဟေ့ဟေ့… အဲဒီအထဲကကြက်သားကိုလက်နဲ့လုံးဝမထိနဲ့ဦးနော်ညီ… ကိုယ်အခုချက်ချင်းလာခဲ့မယ်… "

" မင်းကဘယ်မှာလဲ…… "

" ကိုယ့်အခန်းထဲမှာ…… "

ဖုန်းချလိုက်ပြီးပြီးချင်းပဲအခန်းတံခါးဖွင့်ဝင်လာတဲ့ အောင်ဘုန်းခေတ်က ဒရောသောပါးပြေးလာတဲ့ဟန်။အရင်တလိုဖြစ်နေတဲ့ အောင်ဘုန်းခေတ်ကို ဈာန်ဦးခေတ်နားမလည်နိုင်။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now