💕 { Khit }² 🍷🌹 39

7.9K 170 24
                                    

✍️ Unicode

" ကိုယ်ညီ့ကိုမနှောက်ယှက်တော့ဘူး……… "

ဈာန်ဦးခေတ်ကိုမကြည့်ဘဲ အဝေးကိုငေးကြည့်နေတဲ့ အောင်ဘုန်းခေတ်ရဲ့မျက်ဝန်းထဲမှာ ကြည်လဲ့လဲ့မျက်ရည်စတချို့ရှိနေခဲ့တာပဲ။

" ကိုယ်ခြံမှာပဲသွားနေတော့မယ်… ကုမ္ပဏီကိုအိမ်တော်ထိန်းကြီးနဲ့လွှဲထားခဲ့မယ်…… တစ်လမှနှစ်ခေါက်သုံးခေါက်လောက်ပဲ လာကြည့်တော့မယ်…… "

မယုံနိုင်စရာ အဖြစ်အပျက်တွေအများကြီးဖြစ်သွားပြီးတဲ့အခါ အောင်ဘုန်းခေတ်ကဈာန်ဦးခေတ်ဆီရောက်မလာခဲ့တော့။အဖေအရင်းမဟုတ်ပေမဲ့ အဖေအရင်းလိုချစ်ခဲ့ရတဲ့သူ ဆုံးရှုံးသွားတဲ့ဒဏ်၊ထောင်ထဲရောက်သွားတဲ့အမေဖြစ်သူအတွက်ခံစားရတဲ့ဒဏ်တွေစုပြီး အောင်ဘုန်းခေတ်တစ်ယောက်နည်းနည်းတောင်ချောင်ကျသွားခဲ့တာပဲ။

" စိတ်မပူပါနဲ့ ကိုယ်ဆင်းလာပေမဲ့ ညီ့ဆီကိုမလာတော့ပါဘူး… ညီကကိုယ့်ကိုပြန်မချစ်နိုင်တာကိုလဲ ကိုယ်နားလည်ပေးနိုင်ပါတယ်… ကိုယ့်ကတိအတိုင်း ကိုယ့်ကြောင့်နဲ့ညီ့ကိုစိတ်မဆင်းရဲစေရတော့ပါဘူး…… "

‌အောင်ဘုန်းခေတ်မျက်နှာကိုငေးကြည့်နေခဲ့တဲ့ဈာန်ဦးခေတ်ကိုလှည့်ကြည့်လာတဲ့ အောင်ဘုန်းခေတ်က ‌နှစ်ခေါက်သုံးခေါက်လောက်ပြန်လာမယ်ဆိုတဲ့စကားကို ဈာန်ဦးခေတ်စိတ်ညစ်သွားတယ်ထင်တာလားမသိ။ဈာန်ဦးခေတ်လက်ကိုဆုပ်ကိုင်လိုက်ရင်း သေသေချာချာရှင်းချက်ထုတ်လို့။

ဈာန်ဦးခေတ်ကတော့ဘာမှပြန်မပြောဖြစ်။ပြောစရာစကားလဲမရှိ။ဒါပေမဲ့အနားကနေတကယ်ထွက်သွားတော့မယ်ဆိုတဲ့အခါ တစ်ခုခုတော့လစ်ဟာသွားသလိုလို။ဝမ်းနည်းလာသလိုလို။အလိုလိုနေရင်းငိုချင်လာသလိုလို။

" ညီ………… "

ဈာန်ဦးခေတ်ပြန်မဖြေမိ။ဖြေချင်စိတ်လဲမရှိ။

" ကိုယ့်ခြံကိုညီအချိန်မရွေးလာခဲ့လို့ရတယ်နော် သိလား…… ကိုယ်အမြဲတမ်းကြိုနေမှာ……. ပြီးတော့လေ……… "

💕 ပိုးမျှင်ကြိုးWhere stories live. Discover now