💕 { Khit }² 🍷🌹 13

2.5K 122 11
                                    

✍️ Unicode

‌ကျောင်းဆင်းခေါင်းလောင်းဖြစ်တဲ့ electric bell သံအဆုံးမှာ ကျောင်းထဲကနေထွက်လာသူတွေက အသွေးစုံအရောင်စုံနဲ့တော်တော့်ကိုများတာ။မြင်ကွင်းက တောင်းတစ်လုံးထဲမှာ စုထည့်ထားတဲ့ရောင်စုံပန်းတွေကို သွန်ချလိုက်သလိုမျိုး။

တစ်ယောက်နဲ့တစ်ယောက်မနားတမ်းပြောသွားကြတဲ့စကားသံတွေကလဲ ဆူလို့ညံလို့။ဒီအထဲမှာမှ ဈာန်ဦးခေတ်တို့လေးယောက်သားလဲ တစ်နေ့လုံးပြောနေခဲ့တာတောင် အခုချိန်ထိပြောမကုန်နိုင်သေးတဲ့စကားတွေဖောင်နေတုန်း။

ရောင်စဉ်ခြယ်ကခုတလော ဈာန်ဦးခေတ်တို့ဘက်ကိုပြန်ရောက်လာသလိုလိုရှိသား။အောင်ဘုန်းခေတ်ကပြန်မကြိုက်လောက်တော့ဘူးလို့ လက်ခံသွားသလားတော့မသိ။ဘာပဲဖြစ်ဖြစ် ဈာန်ဦးခေတ်အတွက်တော့ ကိုယ်ချစ်ရသူကိုယ့်အနားပြန်ရောက်လာတာဟာ ပျော်စရာပဲမလား။ပြန်ချစ်သည်ဖြစ်စေ ပြန်မချစ်သည်ဖြစ်စေ ကိုယ်ချစ်တဲ့သူနဲ့အတူတူနေရတာကိုလဲ ဈာန်ဦးခေတ်ပျော်ရွှင်ရတာပါပဲ။

" ဟဲ့ ခုတလော ကိုခေတ်ကိုမမြင်ဘူးနော်သိလား… နင်ရောမြင်မိသေးလား…… "

" မမြင်ပါဘူး ငါကသူ့ကိုလိုက်ကြည့်နေတာမှမဟုတ်တာ…… "

" မဟုတ်ပါဘူးဟယ်… နင်ကလဲ… အဆောင်တစ်ဆောင်ထဲဆိုတော့ တွေ့မိသလားလို့ပါ စိတ်ချည်းပဲ…… "

တခြားသူမေးရင်ခံနိုင်ရည်ရှိဦးမှာဖြစ်ပေမဲ့ မေးနေသူက ရောင်စဉ်ခြယ်ဆိုတော့ ဈာန်ဦးခေတ်စိတ်မရှည်ချင်။အောင်ဘုန်းခေတ်ကိုမတွေ့မိတာ နည်းနည်းတော့ကြာသွားပြီ။ညစာစားကြရအောင်ဆိုကတည်းက ဈာန်ဦးခေတ်ကလွတ်အောင်ရှောင်နေခဲ့တာရောပါတာပေါ့လေ။

ရှင်းပြချင်တယ်ဆိုတဲ့စကားတွေကိုလဲ ဈာန်ဦးခေတ်နားမထောင်ချင်။ညစာလဲ အတူတူမစားချင်။ညစာအတူတူစားပြီး အောင်ဘုန်းခေတ်ရှင်းပြတာနား‌ထောင်ရအောင်ကလဲ ဈာန်ဦးခေတ်နဲ့သူနဲ့က ဘာမှဟုတ်တာလဲမဟုတ်။

" သူ့ကုမ္ပဏီမှာအလုပ်များနေတာနေမှာပေါ့…… "

ဖလော်တစ်ယောက်လိုခပ်ဆဆတွေးရင်းပြောနေတဲ့ ဂျူးဆက်သွယ်ပုံစံက စုံထောက်ဦးစံရှားလိုလုပ်ပြနေပြန်တာမို့ လေးယောက်သားလွတ်လွတ်လပ်လပ်ရယ်မောမိကြပြန်တာပဲ။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now