💕 { Khit }² 🍷🌹 14

2.5K 120 5
                                    

✍️ Unicode

အဖြူရောင် T-shirt နဲ့ အ‌ဖြူရောင်ဘောင်းဘီတိုဝတ်ထားပြီး ကိုယ့်ရှေ့တည့်တည့်မှာထိုင်နေတဲ့ ကောင်ကလေးကိုငေးကြည့်ရတာ ကိုယ့်စိတ်ထဲမှာဘယ်လို‌တွေတောင်ပျော်နေမိမှန်းမသိ။

မျက်နှာသုတ်စောင်နဲ့သုတ်ခဲ့ဟန်တူပေမဲ့ ရေသိပ်မခြောက်သေးတဲ့ဆံပင်လေးတွေ နဖူးပေါ်ဝဲကျနေတာကိုက တစ်မျိုးကြည့်လို့ကောင်းနေတာ။ဒီကောင်ကလေးနဲ့ဆုံတွေ့မှုဟာ ဘာ့ကြောင့်များဆိုးဝါးတဲ့ရေစက်ဖြစ်နေခဲ့ပါလိမ့်။ကံကြမ္မာကောင်းနဲ့သာဆုံတွေ့ခဲ့ရရင်ဘယ်လောက်တောင်ကောင်းလိမ့်မလဲ။

ကိုယ့်အိမ်ရောက်ကတည်းက တလျှောက်လုံးစိတ်ညစ်နေခဲ့ဟန်တူတဲ့ကောင်ကလေးကိုကြည့်ရင်း သနားနေခဲ့မိတာ။ရေချိုးပြီးလို့ ဝရန်တာကိုထွက်လာမှစိတ်သက်သာရာရသွားဟန်တူတဲ့မျက်လုံးလေးတွေတွေ့ပြီး ကိုယ်လဲနေသာထိုင်သာဖြစ်တော့တာပဲ။T-shirt လက်နှစ်ဖက်ကိုပုခုံးပေါ်ဆွဲဆွဲတင်နေတာကလဲ ဒီကောင်ကလေးရဲ့အကျင့်ပဲထင်ပါရဲ့။

ချပ်ရပ်နေတဲ့ဗိုက်သားတွေအောက်က ပေါင်လယ်လောက်သာရှိတဲ့ဘောင်းဘီအတိုရဲ့အောက်မှာ အညိုရောင်နုနုအသားအရေတွေ။ဒီအသားရောင်က မာကျူရီမီးရောင်အောက်မှာ ဝင်းစက်အိညက်လို့။နုဖတ်နေတာမဟုတ်ပေမဲ့ နုနုနယ်နယ်ကောင်ကလေးက ဝရန်တာကနေစီးမြင်ရတဲ့ ညမြင်ကွင်းတွေကိုငေးကြည့်ရင်းပြုံးလို့။

ညစာစားဖို့စားပွဲမှာထိုင်ကြတော့လဲ ညစာစားဖို့ပြင်ထားတဲ့ steak ကိုမြင်မြင်ချင်းပျော်သွားတဲ့ဟန်မှာ ကလေးတစ်ယောက်ပုံစံတွေတောင်မပျောက်သေး။Steak ကိုဓားနဲ့လှီးလိုက်၊ဆော့ထဲနှစ်လိုက်နဲ့အားရပါးရစားနေတဲ့ကောင်ကလေးက ကိုယ့်ရှေ့မှာဟန်ဆောင်ဖို့တောင်မေ့နေတယ်ထင်ရဲ့။

ဟန်ဆောင်ဖို့သာမက ကိုယ့်ကိုစိတ်ဆိုးတာ ဘာညာတောင်မေ့နေတဲ့ဟန်။ဒီနေ့အတွက်တော့ ကိုယ့်ကို shit လို့ခပ်တိုးတိုးဆဲရေးတာ၊ကလန်ကဆန်ပြန်ပြောတာ၊အရွဲ့တိုက်တာဘာတစ်ခုမှမလုပ်သေး။ဒါကိုက ကိုယ့်အတွက်တော့တစ်ခုခုလိုအပ်နေသလိုလို။ကိုယ်ခိုင်းတဲ့အတိုင်း အသာတကြည်လိုက်လုပ်နေတဲ့ကောင်ကလေးက ကိုယ့်အတွက်တော့သနားစရာကောင်းနေပြန်ပါရော။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now