💕 { Khit }² 🍷🌹 26

2.4K 110 15
                                    

✍️ Unicode

အိမ်ကလေးဆီပြန်ရောက်တော့ ဈာန်ဦးခေတ်တော်တော်ကိုမောနေခဲ့ပြီ။ကုန်းလေးပေါ်ကိုတက်လာရတာရော၊နေပူထဲကိုဖြတ်လာရတာရောကြောင့်ပဲထင့် အိမ်ထဲရောက်တော့ ဈာန်ဦးခေတ်တစ်ယောက်ခြေကုန်လက်ပမ်းကျနေခဲ့ပြီ။

အသက်ပြင်းပြင်းရှူရင်း အောင်ဘုန်းခေတ်ကိုအမြင်ကပ်တဲ့စိတ်ကဒေါသနဲ့ကပ်ပါလာခဲ့ပြန်ပြီ။ရေခဲသေတ္တာကိုဖွင့်ကြည့်လိုက်တော့ နက်ကော်ဖီအအေးဗူးတွေကတန်းစီလို့။တစ်ဗူးယူမော့လိုက်ရင်း ဆိုဖာပေါ်ထိုင်ချလိုက်မှတော့မှ နည်းနည်းအမောပြေသွားတော့တာမို့ T.V ကြည့်နေဖို့စိတ်ကူးရ။

Aircon ကိုဖွင့်လိုက်ပြီး T.V ပါဖွင့်လိုက်ကာ ဇာတ်ကားထိုင်ကြည့်ဖို့လုပ်ပြီးမှ မနက်ရေချိုးတုန်းကမလျှော်ရသေးတဲ့ အဝတ်အစားတွေကိုသတိရလို့ အခန်းထဲပြန်ဝင်ပြီး ရေချိုးခန်းတံခါးကိုဖွင့်လိုက်တော့မနက်ကချွတ်ထားခဲ့တဲ့ဘောင်းဘီအင်္ကျီတွေတစ်ထည်မှမရှိတော့။

မရှိတော့တာမှ underwear ကစမရှိတော့တာ။အောင်ဘုန်းခေတ်လျှော်ပြီးသွားတော့တာပဲဖြစ်မှာ။စိတ်ထဲမှာအားနာသလိုဖြစ်မိပေမဲ့ ခေါ်လာချင်တာကိုးလုပ်ပေးပေါ့လို့တွေးလိုက်မိတော့ စိတ်ထဲကကျေနပ်သွားသလိုလို။

အိမ်ရှေ့ပြန်ထွက်လာပြီး T.V ထိုင်ကြည့်နေပေမဲ့ စိတ်ထဲမှာပျင်းနေတာကပြေမသွား။ပါးနဲ့မားကိုစိတ်ပူသလိုဖြစ်လာပြန်ပေမဲ့ အောင်ဘုန်းခေတ်ကစိတ်မပူနဲ့ဆိုပြီးပြောထားတာမို့ စိတ်ထဲအေးသွားပြန်ရော။

အောင်ဘုန်းခေတ်ဆိုတဲ့ကောင်က ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့သူမလား။စိတ်မပူနဲ့ဆိုတဲ့စကားကို အောင်ဘုန်းခေတ်ကအလကားပြောခဲ့တာဟုတ်ဟန်မတူလောက်။ဒါဆိုတော့စိတ်ပူနေလဲအလကားပဲမို့ အဲဒီအတွေးကိုခေါင်းထဲကထုတ်။

ရေချိုးခန်းထဲကကြွေဇလုံကြီးထဲမှာစိမ်နေရင်ကောင်းမလားဆိုပြီး လျှောက်တွေးမိပြန်တော့ တစ်ယောက်တည်းအရူးတစ်ယောက်လိုပြုံးမိပြန်ကော။တောတောင်ထဲမှာဆိုပေမဲ့ ဆောက်ထားတဲ့အိမ်ကတော့တော်တော်ခေတ်မီတာ။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now