💕 { Khit }² 🍷🌹 38

2.7K 99 5
                                    

✍️ Unicode

အသိစိတ်ဝင်လာလာချင်း ပထမဆုံးစခံစားမိတာက ကိုယ့်လက်ဆီကတင်းကျပ်မှု။လက်နှစ်ဖက်လုံးကိုကြိုးနဲ့တင်းတင်းကျပ်ကျပ်စည်းထားတဲ့ခံစားမှု။

ဘာရယ်လို့စဉ်းစားမရသေးခင် နောက်ထပ်ခံစားမိတာကတစ်ကိုယ်လုံးရွေ့လျားနေတာ။ရွေ့လျားနေတဲ့တစ်ကိုယ်လုံးဟာကိုင်ရိုက်ခံထားရသလိုနာကျင်နေတာ။

ခန္ဓာကိုယ်နာကျင်မှုထက်ပိုခံစားလာမိတဲ့စိုးရိမ်စိတ်က ညီဘယ်မှာလဲ။ညီဘယ်ရောက်နေတာလဲ။

" အင်း............ "

နောက်ကျောချင်းကပ်လျက်ရှိ‌နေတဲ့သူဆီကထွက်လာတဲ့ ညီးညူသံသဲ့သဲ့ဟာ ညီ့အသံနဲ့တူတယ်လို့ထင်‌ပေမဲ့ လှည့်ကြည့်လို့ကမရသေး။

ဖွင့်လို့မရချင်တဲ့မျက်လုံးတွေကိုအတင်းဖွင့်ကြည့်လိုက်တော့ မြင်ကွင်းထဲဝင်လာတာက အကောင်းစားကားတစ်စီးရဲ့ အတွင်းပိုင်းတွေ။

ကားမောင်းနေတဲ့သူကိုတော့ နောက်ကျောကနေပဲမြင်နေရ‌တာမို့ ဘယ်သူဘယ်ဝါရယ်လို့ကွဲကွဲပြားပြားမသိ။ဒါပေမဲ့ ဒီပုံစံကိုအရမ်းရင်းနှီးနေသလိုလို။

" အင်း...... ဟင်း.... ဟင်း............ "

ကျောချင်းကပ်လျက်လူဆီက နောက်ထပ်ထွက်လာတဲ့ညည်းညူသံကြောင့် ညီဆိုတာကိုပိုပြီးသေချာသွားစေတာပဲ။

" ညီ... ညီလား...... "

" အင်...... အင်း ဟုတ်တယ်... အောင်ဘုန်းခေတ်လား...... "

" ဟုတ်တယ်ညီ...... ဟုတ်တယ်...... ညီဘယ်လိုဖြစ်နေတာလဲ......... "

" မသိဘူးတစ်ကိုယ်လုံးကအရမ်းနာနေတယ်......... "

" ခဏလေးညီ တောင့်ထားဦး... ဘာတွေဖြစ်နေတာလဲဆိုတာ ကိုယ်ကြည့်လိုက်ဦးမယ်......... "

ကြည့်ဦးမယ်လို့ပြောလိုက်ရပေမဲ့ ခြေထောက်နှစ်ချောင်းရော လက်နှစ်ဘက်ရောတင်းနေအောင်တုပ်ခံထားရတာမို့ ဘယ်လိုမှလှုပ်မရ။

ဒီအချိန်မှာပဲ ကားကတုံ့ခနဲရပ်သွားခဲ့ပြီး ရှေ့ကကားတံခါးကိုဖွင့်ကာဆင်းလာတဲ့ ကားမောင်းတဲ့သူကိုမြင်လိုက်ရတဲ့အခါ ကိုယ်ကြက်သေသေနေမိပါရောလား။ကိုယ်ဘယ်လိုမှထင်မထားခဲ့တဲ့သူ။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now