💕 A.B.K 🍷 7

3.1K 157 12
                                    

✍️ Unicode

" ဖြန်း...... "

စပ်ဖျဉ်းဖျဉ်းဖြစ်သွားတဲ့ပါးပြင်ပေါ်ကနာကျင်မှုကို ကိုယ်ဂရုမစိုက်မိ။ကိုယ့်ကိုခပ်စိမ်းစိမ်းကြည့်နေတဲ့ ကိုယ့်ချစ်သူထက်ဘယ်အရာကများ ကိုယ့်ကိုပိုပြီးနာကျင်စေနိုင်မှာတဲ့လဲ။

ကိုယ့်ပါးပြင်နာကျင်တာထက် ချစ်သူရဲ့လက်နာကျင်မှာကိုတောင် ကိုယ်ပိုပြီးစိတ်ပူမိပါသေးရဲ့။

" ကျွန်မမေးနေတယ်လေ... ရှင်အဲဒီ ကောင်လေးကိုတကယ်ချစ်နေတာလားလို့...... "

" မောင် ဈာန်ဦးခေတ်ကို တကယ်မချစ်ဘူးနဒီ...... "

ဘယ်နှစ်ကြိမ်မြောက်ရှိပြီမှန်းမသိတဲ့ ချစ်သူရဲ့မေးခွန်းကို အကြိမ်ကြိမ်အခါခါဒီအတိုင်းပဲဖြေနေခဲ့ပေမဲ့ ချစ်သူကမယုံခဲ့။

" ဒါဆို ဘာလို့ ဒီလိုတွေလုပ်နေရတာလဲ...... "

" ခုနကလဲ ဖြေပြီးပြီလေနဒီ… ဒီမေးခွန်းကိုတော့မောင်မဖြေရပါစေနဲ့လို့… မောင့်မှာလုပ်စရာတစ်ခုရှိနေလို့ပါ... အချိန်တစ်ခုလောက်ပဲပေးလို့မရဘူးလား နဒီရာ...... "

လေသံကိုဒါ့ထက်ပိုပြီး ပျော့ပြောင်းအောင် ကိုယ်မပြောတတ်တာ နဒီချို ဆိုတဲ့ ကိုယ့်ချစ်သူသိနေမှာပါပဲ။

" နဒီမယုံချင်ဘူးမောင်... မောင့်ကိုချစ်ရလွန်းလို့ မောင့်ကိုသဝန်တိုရလွန်းလို့ နဒီမယုံချင်တော့ဘူး... နဒီ့ကိုချစ်ရင် အဲလိုတွေဆက်မလုပ်ပါနဲ့တော့လား မောင်ရယ်နော်...... "

" မဖြစ်ဘူးနဒီ မောင်ရပ်လိုက်လို့မဖြစ်ဘူး... စခဲ့ပြီးသားဇာတ်လမ်းကိုအဆုံးထိရောက်အောင်သွားရလိမ့်မယ်...... "

" မောင့်...... "

ကိုယ်တို့ထိုင်နေတဲ့ ရေတမာပင်အပေါ်က ငှက်ကလေးတွေအလန့်တကြားထပျံသွားကြလောက်အောင်ထိ နဒီရဲ့အသံကတော်တော်ကျယ်တာပဲ။

ကျယ်ရုံသာမက ခပ်ဆတ်ဆတ်ဖြစ်နေတဲ့နဒီ့ရဲ့အော်သံကို ကိုယ်ကမတုန်လှုပ်တော့။ကိုယ့်ရဲ့လက်စားချေမဲ့အစီအစဉ်ကို မအောင် အောင်မြင်အောင်သွားကိုသွားဖို့ဆုံးဖြတ်ထားပြီးသား။

ဒါမှသာ ကိုယ့်မိသားစုအတွက် ကိုယ်ခံစားခဲ့ရတာတွေ နည်းနည်းဖြစ်ဖြစ်သက်သာမယ်မလား။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now