💕 { Khit }² 🍷🌹 31

2.3K 105 15
                                    

✍️ Unicode

နေ့လည်စာချက်ဖို့ခြံထဲကအလုပ်ကိုစောစောသိမ်းပြီး အိမ်ပြန်ခဲ့တော့ ညီကမီးဖိုထဲမှာတစ်ခုခုလုပ်နေတဲ့ဟန် တကုပ်ကုပ်နဲ့။ထမင်းချက်ဖို့ပေါင်းအိုးဖွင့်လိုက်တော့ ကျက်ပြီးသားထမင်းတွေက ပေါင်းအိုးထဲမှာအဆင်သင့်။

" ဟာ…… ကိုယ့်ညီ ထမင်းတွေချက်ထားတာလား…… "

" အေး…… "

" ထမင်းချက်တာကိုသင်ထားတာပေါ့… ဘယ်သူ့ဆီကသင်ထားတာလဲ… သားချစ်အမေဆီကလား…… "

" ပေါကားကြည့်ပြီး ပေါတောတောတွေလာပြောမနေနဲ့… ဘယ်ကမှမသင်ဘူး ထမင်းချက်တာကိုအရင်ကတည်းကချက်တတ်ပြီးသား… ပေါင်းအိုးထဲဆန်နဲ့ရေထည့်ခလုတ်နှိပ်ရတာလောက်ကတော့ အထူးတလည်သင်နေရတာမှတ်လား…… "

ရေအတူတူချိုးပြီးနှစ်ရက်လောက်အထိ စကားမပြောဘဲ အရှက်ကြီးရှက်နေခဲ့တဲ့ညီနဲ့အခုထိစကားပြောလို့ သိပ်အဆင်မပြေချင်သေး။

ယောက်ျားလေးတွေအချင်းချင်းကြားထဲမှာပြဿနာသိပ်မဟုတ်တဲ့ဒီကိစ္စလောက်ကို အရှက်သည်းနေတဲ့ ညီက အရမ်းကိုရိုးသား
နေခဲ့တာပဲ။အရမ်းကိုသန့်ရှင်းဖြူစင်နေခဲ့တာပဲ။

ကလေးတစ်ယောက်လိုအပြစ်ကင်းတဲ့ညီ့ကိုဒီပြဿနာထဲဆွဲခေါ်မိတဲ့ကိုယ့်ကိုယ်ကိုသာအပြစ်လို့တင်မဆုံးချင်‌တော့။

" ဒါဆို အခုထမင်းကို ကိုယ်ပင်ပန်းမှာစိုးလို့အရင်ချက်ထားနှင့်တာပေါ့ အဲလိုလား…… "

" ငါ့ဘာသာငါဗိုက်ဆာလို့စားဖို့ချက်ထားနှင့်တာ…… "

ဗိုက်ဆာလို့ဆိုပြီး ထမင်းပေါင်းအိုးထဲမှာထမင်းခူးထားတဲ့အရာလဲမရှိ။ကိုယ်ပြောသမျှကို ကန့်လန့်တိုက်ပြီး လိုက်ပြောနေတဲ့ညီက ကိုယ့်ကိုရွဲ့နေရတာကျေနပ်နေတဲ့ပုံ။

နှစ်ယောက်ကြားထဲမှာပိုနီးစပ်သွားဖို့လုပ်လိုက်ကာမှ အရှက်သည်းနေတဲ့ညီကြောင့် ကိုယ်တို့နှစ်ယောက်ကြားမှာပိုအဆင်မပြေနေတော့သလို။

" ဒါဆိုထမင်းစားတော့မလား… အရမ်းဗိုက်ဆာနေရင်လဲ ထမင်းကိုသုပ်ပေးမယ်လေ…… "

💕 ပိုးမျှင်ကြိုးWhere stories live. Discover now