💕 A.B.K 🍷 6

3.6K 180 9
                                    

✍️ Unicode

" အောင်... ဘုန်း... ခေတ်...... "

ကိုယ့်နာမည်ကို ပါးစပ်ကတီးတိုးရေရွတ်ရင်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ တော်‌တော်ကိုအံဩနေတဲ့ အသားညိုညိုကောင်ကလေး။အသားက အရမ်းညိုတာမျိုးလဲမဟုတ်ဘဲ ညိုတာနဲ့ဖြူတာရဲ့ကြားမှာ အသားအရေကစိုစိုဝင်းဝင်းလေး။

ပေါင်လယ်လောက်သာရှိတဲ့ဘောင်းဘီတိုနဲ့ ဂျိုင်းပြတ်စွပ်ကျယ်ကြောင့် ပိုမြင်နေရတဲ့အသားအရေကို ကိုယ်သေချာပြောမပြတတ်ပေမဲ့ အသားအရေညက်‌ညောနေတာတစ်ခုကတင် ဆွဲဆောင်မှုရှိနေတဲ့ကောင်ကလေး။

ကိုယ်နဲ့မတိမ်းမယိမ်းအရပ်တစ်ခုနဲ့အတူ ကိုယ့်ထက်နည်းနည်းတော့ ပိုသေးသွယ်တဲ့ခန္ဓာကိုယ်နဲ့ကောင်ကလေးက ကိုယ့်ကိုခပ်စူးစူးလေးကြည့်လို့။

ကိုယ့်ကိုတွေ့တွေ့ချင်း အံဩတာ၊ အမြင်ကပ်တာ၊ မကြည်တာ၊ စိတ်ဆိုးတာ စတဲ့စိတ်ခံစားမှုတွေ တဖြတ်ဖြတ်ပြောင်းသွားတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေထဲမှာ ရိုးသားခြင်းကတော့ percentage နဲ့တွက်ရင် တစ်ရာ ရာခိုင်နှုန်းအပြည့်။

" ရော့...... "

လှမ်းပေးလိုက်တဲ့ ကိုယ့်လက်ထဲကနှင်းဆီပွင့်ကိုလှမ်းယူလိုက်တဲ့ ကောင်ကလေးရဲ့ပုံစံက စိတ်ရှုပ်တာတဝက် ကျေနပ်တာတဝက်။

" မင်းက ဘာလို့လာတာလဲ...... "

ဈာန်ဦးခေတ်ဆိုတဲ့ကောင်ကလေးရဲ့အသံက ခပ်ဆတ်ဆတ်။

" ကိုယ် ချစ်ရတဲ့သူရဲ့မွေးနေ့မို့...... "

" Shit ... ! "

ခပ်တိုးတိုးဆဲရေးရင်း အနားကဖြတ်သွားတဲ့ ကောင်ကလေးကိုကြည့်ပြီး ကိုယ်တိတ်တဆိတ်ကျေနပ်မိပြန်တာပဲ။ဒီလူတွေရှိတဲ့ ဒီအသိုင်းအဝိုင်းထဲကို ဒီလိုရောက်လာဖို့ ကိုယ့်ရဲ့အရှက်သိက္ခာတွေကိုဘယ်လောက်တောင်စတေးခဲ့ရတယ်ဆိုတာ ကိုယ်သာအသိဆုံး။

ကိုယ်လိုချင်တဲ့ပန်းတိုင်တစ်ခုဆီရောက်ဖို့ ကိုယ်ဘယ်လောက်လျှောက်ရလျှောက်ရ၊ဘယ်လောက်ပဲ ပေးဆပ်ရပေးဆပ်ရ ရောက်အောင်သွားဖို့ဆုံးဖြတ်ထားပြီးသား။

" ကဲ...... ဟိုသားလေးရေ ဘာနာမည်ကွဲ့ ဪ မောင်အောင်ဘုန်းခေတ်ရေ... လာလေဒီနားကို ကိတ်ခွဲရအောင်...... "

💕 ပိုးမျှင်ကြိုးWhere stories live. Discover now