💕 { Khit }² 🍷🌹 34

2.3K 109 14
                                    

✍️ Unicode

ကုမ္ပဏီရှေ့မှာကားရပ်လိုက်ချိန်ကစပြီး ကားတံခါးလာဖွင့်ပေးသူကအစ ကုမ္မဏီဝန်ထမ်းတွေအဆုံး အားလုံးပါးစပ်အဟောင်းသားနဲ့ တအံ့တဩ‌ငေးကြည့်ကြ။ပြီးတော့မှ ခေါင်းလေးတွေငုံ့ပြီးအရိုအသေပေးကြနဲ့ ကုမ္ပဏီတစ်ခုလုံးလှုပ်လှုပ်ရှားရှား။

ဒါပေမဲ့ ဝန်ထမ်းအားလုံးရဲ့မျက်နှာပေါ်မှာတော့ ကိုယ်ပြန်လာတာကိုဝမ်းသာနေကြတဲ့ဟန်ကအထင်းသား။သေပြီဆိုပြီးမှပြန်လာတဲ့ကိုယ့်ကို အထူးအဆန်းအဖြစ်နဲ့ကြည့်ကြသလို ကိုယ့်ဘေးမှာပါလာတဲ့ညီ့ကိုလဲ စူးစမ်းသလိုကြည့်ကြလို့။

Lift နဲ့အပေါ်ထပ်တက်လာတဲ့အထိ ကြည့်နေကြတဲ့ဝန်ထမ်းတွေကြားထဲမှာညီကတော့အနေရခက်နေတဲ့ဟန်။အပေါ်ထပ်ကိုရောက်လာတော့လဲ အပေါ်ထပ်မှာရှိကြတဲ့ဝန်ထမ်းတွေက အလန့်တကြားနဲ့ပြူးပြူးပြဲပြဲတွေကြည့်ကြ။

ကယောင်ကတမ်းနဲ့မတ်တပ်တွေရပ်ပြီး အရိုအသေပေးကြဆိုတော့ ညီကပိုပြီးအနေရခက်နေပြန်တယ်ထင်ပါရဲ့။ကိုယ်တို့နှစ်ယောက်ကိုတွေ့ရတာ ‌တစ္ဆေတစ်ကောင်ကိုမြင်လိုက်ရသလိုမဟုတ်ဘဲ ပျော်ရွှင်သွားတဲ့မျက်လုံးတွေနဲ့ကြည့်ကြလို့တော်ပါသေးရဲ့။

Meeting အခန်းတံခါးကိုဆွဲဖွင့်ပြီးအထဲကိုဝင်လိုက်တာနဲ့ အခန်းထဲမှာရှိသမျှလူတွေအားလုံးရဲ့အကြည့်တွေက ကိုယ်တို့နှစ်ယောက်ဆီကိုစူးခနဲ။အံ့ဩသွားတဲ့ဟန်၊ထိတ်လန့်သွားတဲ့ဟန်၊စိုးရွံ့သွားတဲ့ဟန်၊တဖျတ်ဖျတ်ပြောင်းလဲသွားတဲ့မျက်လုံး‌နဲ့လူတွေကို ကြည့်ရတာကိုယ့်စိတ်ထဲမှာအပင်ပန်းဆုံး။

အဆိုးရွားဆုံးကတော့ မယ်ဖုရားရဲ့အကြည့်တွေ။အံ့ဩတာထက် ရွံ့ရှာတဲ့မျက်လုံးတွေက လက်နက်တွေသာဆိုရင် ကိုယ်နဲ့ညီနှစ်ယောက်လုံး နေရာမှာတင်ပုံခနဲဖြစ်သွားမယ်ထင်ရဲ့။

" အောင်... ဘုန်း... ခေတ်... မင်းသေသွားပြီမဟုတ်ဘူးလား......... "

" မသေသေးလို့ပဲ ကျွန်တော့်ကို မယ်ဖုရားမြင်နေရတာပေါ့......... "

Meeting ခန်းတစ်ခုလုံးက မာနရိပ်နဲ့အေးစိမ့်စိမ့်အငွေ့အသက်တွေနဲ့ လွှမ်းခြုံလို့။အခန်းထဲမှာရှိနေတဲ့လူတွေအားလုံးကလဲ ကိုယ်နဲ့မယ်ဖုရားရဲ့အားပြိုင်ပွဲကို စိုးရွံ့စိတ်တွေနဲ့ငေးကြည့်လို့။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now