💕 { Khit }² 🍷🌹 33

2.2K 113 16
                                    

✍️ Unicode

ကိုယ်တွေချစ်ချစ်တောက်ပူပြီး အဖျားတက်နေတဲ့ ညီ့ကိုကြည့်ကာ ကိုယ်ငိုချင်လာသလိုလို။ခြံထဲအလုပ်သမားတွေဖျားရင်တိုက်ဖို့ထားတဲ့ဆေးတွေတိုက်ထားပေမဲ့လဲ အခုအချိန်ထိတော့သိပ်မထူးခြားသေး။

အဲလိုမထူးခြားသေးတာကိုက ကိုယ့်ရင်ထဲပူလောင်နေလှပြီ။ညီကတော့ကုတင်ပေါ်မှာမျက်လုံးလေးတွေမှိတ်ပြီး ခွေခွေလေးမှိန်းလို့။အိပ်ပျော်နေတယ်ထင်ရဲ့။

" ဟင့်အင်း… အောင်ဘုန်းခေတ် ငါမင်းကိုမကြိုက်ဘူး…… "

ရုတ်တရက် ညီကအဖျားတက်ပြီးကယောင်ကတမ်းတွေပြောလိုက်တယ်ထင်ရဲ့။ခပ်တိုးတိုးထွက်လာတဲ့အသံထဲမှာ ကိုယ်ကိုဘယ်လောက်တောင်မုန်းနေခဲ့သလဲဆိုတာသိသာလိုက်တာ။က‌ယောင်ကတမ်းပြောရင်းခေါင်းတွေတောင်ခါလို့။

ကိုယ့်စိတ်ထဲ ခံစားရပေမဲ့လဲ ကိုယ်ဘာတတ်နိုင်မှာတဲ့လဲ။လွင့်နေတဲ့အတွေးတွေကိုတစစီလိုက်ကောက်ရင်းဘာဆက်လုပ်ရမယ်မှန်းမသိချိန်မှာ မားကိုဖုန်းဆက်ဖို့သတိရလာလို့ ဖုန်းနံပါတ်တွေကိုနှိပ်လိုက်တော့ ဖုန်းထဲကထွက်လာတဲ့မားအသံကြောင့် မားတို့ကိုလွမ်းမိသွားပြန်ပါရော။

" Hello… အကြီးကောင်လေး ဘာဖြစ်လို့လဲ…… "

" မား…… ညီအရမ်းဖျားနေလို့…… "

ကိုယ့်အသံမှာငိုသံစွက်နေတာကို မားကကိုယ့်ထက်အရင်သတိထားမိခဲ့ပြီ။ပြန်ပြောနေတဲ့မားရဲ့စကားမှာ အားပေးလိုဟန်တွေအပြည့်နဲ့။

" အရမ်းတွေစိတ်ပူမနေနဲ့ အကြီးကောင်လေး… ခေတ်လေးကအဲလိုပဲဖျားလေ့ရှိတယ်ရယ်… ဆေးတိုက်ထားသလား……… "

အရမ်းပူမနေနဲ့ဆိုတဲ့မားရဲ့အသံမှာလဲ စိုးရိမ်နေတဲ့အရိပ်တွေကို ကိုယ်ခံစားနေမိတာပဲ။

" ဆေးတိုက်ထားတယ် ဒါပေမဲ့အဖျားကမကျဘူး… ကိုယ်တွေလဲအရမ်းပူနေတာ……… "

" ကိုယ်တွေအရမ်းပူနေရင် ရေပတ်တိုက်ပေးလိုက်… အဲကွန်းရှိတယ်မလား… အအေးလျော့ပြီးဖွင့်ပေးထားလိုက်……… "

" အေးရင်ပိုဖျားမှာမဟုတ်ဘူးလား……… "

" ကိုယ်အရမ်းပူနေရင်လုပ်ပေးရတယ်……… "

💕 ပိုးမျှင်ကြိုးWhere stories live. Discover now