💕 { Khit }² 🍷🌹 23

2.3K 106 17
                                    

✍️ Unicode

ကိုယ့်ကိုမုန်းတယ်လို့ပြောခဲ့တဲ့ ညီ့ကိုကိုယ်စိတ်မဆိုးမိ။ဒေါသမဖြစ်မိတဲ့အပြင် တစ်ခုခုဖြစ်သွားမှာစိုးလို့ အရင်ကထက်‌တောင်ပိုဂရုစိုက်မိနေသေး။

ကိုယ်မွှေးခဲ့တဲ့မီးကိုကိုယ်ပြန်ငြိမ်းခဲ့ပေမဲ့ မဆီမဆိုင်ညီ့ကိုဆက်လောင်နေတာတော့ ကိုယ်လုံးဝလက်မခံနိုင်။

ဒီကိစ္စတွေကို နဒီ့ကိုလဲဖွင့်မပြောရဲ။အရင်တစ်ခါအိပ်ဆေးခပ်တဲ့ပြဿနာပြီးကတည်းက ချစ်သူပေမဲ့ နဒီ့ကိုလဲ ကိုယ်မယုံတော့။

အခုလဲ ညီ့အတန်းခန်းရှေ့မှာရပ်စောင့်နေရာက ‌စာသင်ပြီးလို့ကျောင်းသားကျောင်းသူတွေထွက်လာပေမဲ့ ညီထွက်မလာတဲ့အခါ ကိုယ့်မှာစိတ်ပူရပြန်ပြီ။

" ဟော… ဂျူးဆက်သွယ်တို့… ညီကော ညီအတန်းမတက်ဘူးလား…… "

" မတက်ဘူးလေ… ဦးခေတ်တို့အိမ်မှာပြဿနာတက်နေတယ်… ကိုခေတ်မသိသေးဘူးလား…… "

" အမ် ဘာပြဿနာလဲ… ကိုယ်မသိဘူး ညီကကိုယ့်ကိုစကားမပြောဘူး… ညကအဆောင်မှာပြန်မအိပ်တာသတိထားမိပေမဲ့ ဒီအတိုင်းရိုးရိုးပဲ အိမ်မှာပြန်အိပ်တာထင်နေတာ…… "

" လာ…လာ… canteen ရောက်မှပြောပြမယ်…… "

Canteen ရောက်တော့ ဂျူးဆက်သွယ်ပြောပြတဲ့ ညီတို့အခြေအနေကဘယ်လိုမှအဆင်ပြေမနေ။ငွေအလွဲသုံးစားမှုတဲ့။ညီ့အဖေကငွေအလွဲသုံးစားလုပ်သတဲ့။ဘယ်လိုမှမဖြစ်နိုင်။ညီ့အဖေက ငွေအလွဲသုံးစားလုပ်တယ်ဆိုတာ ဘယ်လိုမှကိုမဖြစ်နိုင်တဲ့ဖြစ်ရပ်။

မှာထားတဲ့စားစရာတွေကိုလက်နဲ့တောင်မထိဖြစ်တော့ဘဲ ညီ့အိမ်ကိုလိုက်ချသွားမိတဲ့အခါ ကိုယ့်ရဲ့စိတ်ပူပန်မှုအတွက် ညီ့ရဲ့ကြိုဆိုမှုက ခပ်ပြင်းပြင်းလက်သီးတစ်လုံး။

" မင်းမလာခဲ့နဲ့… ငါ့အိမ်ထဲကိုမဝင်နဲ့… အာ…… အိမ်ရိပ်ကိုတောင်လာမနင်းနဲ့ ထွက်သွား…… "

" ညီ… ကိုယ်ပြောတာနားထောင်ပါ…… "

" ဘာတွေနားထောင်ပေးရဦးမှာလဲ…… ငါတို့ဘဝတွေဒီလောက်အထိစုတ်ပြတ်သွားတာတောင် မင်းစကားကိုနားထောင်ပေးနေရဦးမှာလား…… "

💕 ပိုးမျှင်ကြိုးWhere stories live. Discover now