💕 Z.O.K 🌹 4

3.8K 217 15
                                    

✍️ Unicode

" မေဂျာ king ဖြစ်လာတဲ့အတွက် ပျော်သလားရှင့်...... "

" ဟင့်အင်း... မပျော်ဘူး...... "

Follower တော်တော်များတဲ့ တက္ကသိုလ် page တစ်ခုကနေ လာပြီးအင်တာဗျူးနေတာကို ခံရခက်နေတာက ဈာန်ဦးခေတ်။

အောင်ဘုန်းခေတ်ရဲ့ရည်းစားစကားအပြောခံရတဲ့ video ကနေ နာမည်ကြီးလာတဲ့ ဈာန်ဦးခေတ်က သိပ်ပြီးရုပ်ချောတာမဟုတ်ပါဘဲနဲ့ မေဂျာက king ဖြစ်လာသတဲ့။

နာမည်ကြီးတာ၊ထင်ပေါ်တာ၊လူသိများတာကိုမကြိုက်တဲ့ ဈာန်ဦးခေတ်အတွက်တော့ မေဂျာ king ဖြစ်လာတာဟာ စိတ်ရှုပ်စရာသက်သက်။

" ဟယ်... တချို့တွေ ဒီလောက်ဖြစ်ချင်နေတဲ့ king ကိုဖြစ်လာတာတောင် မပျော်ဘူးဆိုတော့ ပြောစရာ reason တစ်ခုခုရှိသလားရှင့်...... "

" ဟင့်အင်း... မရှိဘူး... မဖြစ်ချင်လို့ကို မဖြစ်ချင်တာ...... "

ဈာန်ဦးခေတ်ဖြေလိုက်တာကို အင်တာဗျူးမေးနေတဲ့ ကောင်မလေးက စိတ်ရှုပ်သွားဟန်အူတူတူနဲ့။နောက်မေးခွန်းတစ်ခုကိုစအမေးမှာ ဈာန်ဦးခေတ်အနားရောက်လာတဲ့အရိပ်တစ်ခုကို ဈာန်ဦးခေတ်သတိမထားလိုက်မိ။

" ဒါဆို တက္ကသိုလ် king ကိုမပြိုင်တော့ဘူးလားရှင့်...... "

" မပြိုင်ဘူး...... "

" ပြိုင်မှာပေါ့...... "

ဈာန်ဦးခေတ်နောက်ကနေပြိုင်တူထွက်လာတဲ့အသံတစ်ခု။နောက်ကိုလှည့်ကြည့်လိုက်တော့ အောင်ဘုန်းခေတ်။

မေးနေတဲ့ အင်တာဗျူးမလေးကို ဈာန်ဦးခေတ်နဲ့အပြိုင်ဝင်ဖြေလိုက်တဲ့ အောင်ဘုန်းခေတ်ပုံစံက နောက်နေတဲ့ပုံစံမဟုတ်။

ခပ်တည်တည်မျက်နှာပေးနောက်မှာ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်တစ်ခုတော့ရှိနေဟန်။

" ငါ့မေးခွန်းကိုဝင်မဖြေနဲ့...... "

" ညီ့ ကိုယ်စားပြောပေးတာ...... "

" ဒါ ငါ့စိတ် နဲ့ ငါ့ကိုယ်... ငါမပြိုင်ဘူးဆိုမပြိုင်ဘူး...... "

" အေးလေ ဘယ်ပြိုင်မလဲ... မရနိုင်မှန်းကြိုသိနေတာကိုး...... "

စိတ်ကိုလာဆွနေတာမှန်းဈာန်ဦးခေတ်သိပေမဲ့ အောင်ဘုန်းခေတ်ရဲ့လှည့်ကွက်ထဲကို ပါမသွားနိုင်။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now