💕 { Khit }² 🍷🌹 20

2.7K 119 17
                                    

✍️ Unicode

" ရှင်ကကော ဘာတွေအသုံးကျနေလို့လဲ… ကျွန်မသားဆီကပဲလက်ဖြန့်တောင်းပြီးစားနေရတဲ့သူကများ…… "

ညစာစားဖို့ထမင်းစားခန်းအဝင်မှာပဲ အထဲကလွင့်လာတဲ့အသံကြောင့် ကိုယ်စိတ်ရှုပ်မိရပြန်ပြီ။မယ်ဖုရားတို့တော့ သောင်းကျန်းနေပြန်ပြီ။ဒီနေ့ နေ့လည်က နဒီနဲ့သွားတွေ့တာအဆင်မပြေလို့စိတ်ရှုပ်နေရတဲ့အထဲ အိမ်ပြန်ရောက်‌တော့လဲတစ်မျိုး။

အခုတလော နဒီနဲ့ကလဲသိပ်အဆင်မပြေ။တွေ့လိုက်ရင် ကြည်ကြည်နူးနူးစကားတွေပြောရမဲ့အစား စကားနာထိုးတာကခပ်များများ။စကားနာထိုးတာကလဲ ညီနဲ့ကိုယ့်ကိုမယုံတာချည်း။ကြာတော့ နဒီနဲ့စကားပြောရမှာတောင်ခပ်ကြောက်ကြောက်ဖြစ်လာပြီ။

" ဟော… အိမ်ကြီးရှင်လဲပြန်လာပါပြီရှင်…… "

ထမင်းစားခန်းထဲလှမ်းဝင်ဝင်ချင်း မယ်ဖုရားအသံက ကိုယ့်ဆီတည့်တည်ဝင်လာတာပဲ။ကိုယ့်ခေါင်းထဲကနဒီ့အကြောင်းတွေးနေတာတွေတောင် ဘယ်ထွက်ပြေးသွားမှန်းမသိလိုက်။

မယ်ဖုရားကိုဘာမှခွန်းတုံ့ပြန်ပြောမနေတော့ဘဲ ထမင်းစားပွဲကိုဝင်ထိုင်လိုက်ပေမဲ့ မယ်ဖုရားအသံကရပ်မသွား။

ဒါမျိုးတွေကကိုယ့်အတွက်တော့ရိုးနေခဲ့ပြီ။တစ်ခုပဲ၊ဖဖုရားအတွက်စိတ်မကောင်းဖြစ်မိတာတစ်ခုပါပဲ။မယ်ဖုရားဘယ်လောက်ဆူဆူဘယ်လိုပြောပြောသည်းခံပြီးပေါင်းသင်းလာခဲ့တာ ကိုယ့်တစ်သက်။

" ဒီမယ်အောင်ဘုန်းခေတ်မင်းကကော… ငါ့ကိုတစ်လစာအသုံးစရိတ်တိုးပေးဖို့ အစီအစဉ်လေးဘာလေးမရှိဘူးလား…… "

မယ်ဖုရားရဲ့ဒေါသက ကိုယ့်ဆီလှည့်လာပြီ။တစ်ခုခုကိုလုပ်ချင်တဲ့အခါတိုင်း၊တစ်ခုခုကိုတောင်းချင်တဲ့အခါတိုင်းမယ်ဖုရားက ဖဖုရားအတွက်ဘယ်တုန်းကမှထည့်မစဉ်းစားခဲ့။

အခုလဲ အသုံးစရိတ်တိုးပေးမလားမေးတာတောင် ငါ့အတွက်တဲ့။ဖဖုရားအတွက်ထည့်မပြော။အဲလိုတစ်ကိုယ်ကောင်းဆန်တတ်တာ။

" ဟဲ့ ငါမေးနေတာမကြားဘူးလား…… "

" ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ဘာမှပြောစရာမရှိပါဘူး မယ်ဖုရား…… "

💕 ပိုးမျှင်ကြိုးWhere stories live. Discover now