💕 { Khit }² 🍷🌹 36

2.2K 97 9
                                    

✍️ Unicode

ခမ်းနားတဲ့အပြင်အဆင်တွေနဲ့ သားသားနားနာကျင်းပနေတဲ့ ကျောင်းကပွဲ။ မောင်မယ်သစ်လွင်တွေကိုကြိုဆိုတဲ့ Fresher Welcome နဲ့ နောက်ဆုံးနှစ်တွေကိုနှုတ်ဆက်တဲ့ပွဲ။‌

Major လိုက်ကျင်းပတာမဟုတ်ဘဲ တစ်ကျောင်းလုံးစုပြီးကျင်းပတာမို့ ကျောင်းသူကျောင်းသားတွေငြိမ့်ငြိမ့်မွမ်းအောင်စည်ကားတဲ့ပွဲ။

စည်ကားမှာပေါ့လေ နိုင်ငံကျော် band နဲ့ နိုင်ငံကျော်အဆိုတော်တွေပါဖိတ်ထားတဲ့ပွဲပဲကိုး။

ဒီလိုစည်ကားတဲ့အထဲမှာ ဈာန်ဦးခေတ်နဲ့အောင်ဘုန်းခေတ်တို့လဲ ကိုယ့်ကျောင်းကပွဲကိုဝင်နွှဲကြတာပေါ့လေ။

ကံကောင်းတာက အောင်ဘုန်းခေတ်၊ဂျူးဆက်သွယ်နဲ့စောရီးအပါအဝင်ဈာန်ဦးခေတ်တို့လေးယောက်လုံး အတူတူထိုင်ကြရသလို ကံဆိုးတာကတော့ ဈာန်ဦးခေတ်တို့ရှေ့တည့်တည့်ကခုံတန်းမှာ ရောင်စဉ်ခြယ်တို့အဖွဲ့နဲ့ကပ်ရက်ဖြစ်နေခဲ့ခြင်းပါပဲ။

ဒါပေမဲ့ ရောင်စဉ်ခြယ်နဲ့ပတ်သက်ပြီးဈာန်ဦးခေတ်စိတ်ထဲမှာဘာမှမရှိတော့တာမို့ ဒီလိုထိုင်နေရလဲ ဈာန်ဦးခေတ်အတွက်တစ်ခုခုဖြစ်နေတာမျိုးတော့မဟုတ်။

မေဂျာအလိုက်ကျင်းပတဲ့ အားကစားဆုတွေ၊ဘာသာရပ်ထူးချွန်ဆုတွေအပြင်တခြားဆုတွေပါပေးလိုက် ဖျော်ဖြေရေးတွေလုပ်လိုက်နဲ့ ပွဲကငြိမ်သက်မနေဘဲ လှုပ်ရှားသက်ဝင်နေတာမို့ ပျင်းစရာမရှိ။

ကျောင်းသူကျောင်းသားတွေရဲ့ အကနဲ့ဖျော်ဖြေမှုတွေ နိုင်ငံကျော်အဆိုတော်တွေရဲ့သီချင်းသံတွေကြားမှာ ဈာန်ဦးခေတ်တို့ပါလိုက်ပါစီးမျောရင်း လက်ရှိတွေ့ကြုံနေရတဲ့အန္တရာယ်တွေကိုခဏတော့မေ့။

" အခုပေးမဲ့ဆုကတော့ ကျွန်မတို့ကျောင်းရဲ့ popular အဖြစ်ဆုံးဆုဖြစ်ပါတယ်ရှင်…… "

Announcer ရဲ့အသံဆုံးသွားတဲ့အခါ ဆလိုက်မီးတွေက ပရိတ်သတ်ထဲကိုအပြေးအလွှားဝင်လာတော့တာ။ဘယ်သူဆုရမယ်ဆိုတာကို ကြိုပြောထားတာမျိုးမဟုတ်ဘဲ ဆုကိုတိုက်ရိုက်ကြေငြာပေးတာမို့ လှုပ်ရှားနေတဲ့ဆလိုက်မီးတွေကြားမှာရင်ခုန်စရာတော့အကောင်းသား။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now