💕 { Khit }² 🍷🌹 15

2.7K 122 5
                                    

✍️ Unicode

Speed boat ရှေ့ကမှန်ကာကိုကိုင်ပြီး မတ်တပ်ရပ်နေတဲ့ကောင်ကလေးက အရမ်းကိုပျော်ရွှင်နေတဲ့ဟန်နဲ့။

လှိုင်းလုံးကြီးတွေပေါ်ကို speed boat တက်သွားရင်တော့အသံထွက်မလာဘဲ လှိုင်းလုံးကြီးတွေပေါ်ကနေအောက်ပြန်ဆင်းတဲ့အခါ ဟေးလို့အားရပါးရအော်ရင်း အတွေ့အကြုံသစ်မှာရင်ခုန်နေတဲ့ကောင်ကလေးက ပင်လယ်ကြီးကိုအခုမှတွေ့ဖူးတဲ့ဟန်။

ဘာလို့အော်နေတာလဲဆိုတော့ အော်ချင်လို့အော်နေတာတဲ့။အေးရော။ကိုယ့်ကိုယ်ဂျစ်တစ်တစ်ဖြေနေတဲ့ကောင်ကလေးကြောင့် ကိုယ်မှာအသာပြုံးလိုက်ရသေး။ကိုယ်ကတော့ထိုင်ခုံမှာပဲအေးအေးဆေးဆေးထိုင်ပြီး ခဏခဏရောက်ဖူးနေတဲ့ဒီခရီးကို ဒီကောင်လေးကြောင့်ပဲလိုက်လာဖြစ်ခဲ့တာကို တွေးမိနေပြန်ပြီ။

နှင်းဆီအပွင့်ရေကိုးဆယ်ဖြစ်သွားတဲ့အခါ ကိုယ်ဟာအရာရာကိုသတိကြီးကြီးနဲ့လှုပ်ရှားဖြစ်တယ်။အနီးကပ်အတူတူနေဖို့အတွက်ဆယ့်တစ်ပွင့်စာပဲ ကိုယ့်အခွင့်အရေးရှိတော့တာမဟုတ်လား။ဒီဆယ့်တစ်ပွင့်သာပြည့်သွားခဲ့ရင် နှင်းဆီတစ်ရာ့တစ်ပွင့်ပြည့်သွားခဲ့ပြီ။

ဒါဆိုရင် ဒီကောင်လေးနဲ့ကိုယ်ဇာတ်လမ်းဆုံးပြီ။ကိုယ့်ရဲ့လက်စားချေမဲ့အစီအစဉ်တွေမအောင်မြင်ဘဲ လက်စသတ်လိုက်ရမဲ့အဖြစ်မျိုးကို ကိုယ်အလိုမရှိ။

ကိုယ့်ဘဝမှာအရှုံးဆိုတာရှိမှမရှိခဲ့ဖူးတာပဲ။ကိုယ်လက်စားချေမှာကိုကြိုသိနေတဲ့ကောင်ကလေးကိုလှည့်ကွက်တွေသုံးနေရတာကိုကစိတ်လှုပ်ရှားစရာတစ်ခု။

လက်စားချေခြင်းက အောင်မြင်တာမအောင်မြင်တာမသေချာခင်မှာ ဒီကောင်လေးနဲ့အတူတူနေရတာကို အောင်ဘုန်းခေတ်ပျော်နေမိပြီလားတောင်မသိ။ဒါကပဲ အောင်ဘုန်းခေတ်ရဲ့ကျရှုံးခြင်းများလား။

အနိုင်ယူလိုသူတစ်ယောက်အတွက်သင်ခန်းစာများလား။ဘာပဲဖြစ်ဖြစ်ခံစားခဲ့ရတဲ့မိသားစုအတွက် ဒီကောင်လေးဆီကတစ်ခုခုတော့ပြန်ရမှဖြစ်မှာ။

ဒါ့ကြောင့်ပဲ ကိုယ်တို့ဌာနက ပင်လယ်ဘက်ကိုထွက်တဲ့ excursion ကိုလိုက်လာခဲ့လိုက်တာ။ဒီခရီးကိုခဏခဏသွားဖူးပေမဲ့ ဟိုကောင်ကလေးနဲ့နီးကပ်စွာနေနိုင်မဲ့အခွင့်အရေးမလား။

💕 ပိုးမျှင်ကြိုးWhere stories live. Discover now