💕 { Khit }² 🍷🌹 12

2.5K 135 10
                                    

✍️ Unicode

အပြင်ကတံခါးခေါက်တဲ့အသံကိုအရင်ဆုံးကြားတာက ဈာန်ဦးခေတ်။ဒါပေမဲ့ လူကမလှုပ်နိုင်သေး။ပေါင်ပေါ်ကိုခေါင်းအုံးထားတဲ့ အောင်ဘုန်းခေတ်ကြောင့် ခြေထောက်တစ်ချောင်းလုံးက ထုံကျဉ်နေတုန်း။

" အောင်ဘုန်းခေတ်...... "

ကိုယ်တော်ချောကတော်တော်နဲ့မနိုးနိုင်။

" အောင်ဘုန်းခေတ်...... ဟေ့ကောင်...... "

" အင်...... "

ဖြတ်ခနဲပွင့်လာတဲ့မျက်ဝန်းနှစ်ခုကနေ ဈာန်ဦးခေတ်ကိုလှမ်းကြည့်တဲ့အကြည့်ဟာ အရင်နေ့တွေကမျက်ဝန်းမျိုးမဟုတ်။သန့်ရှင်းလွန်းနေလိုက်တာ။ဘာမှဟန်ဆောင်ထားတာမရှိဘဲ ရိုးရှင်းလွန်းနေတဲ့မျက်ဝန်းကအကြည့်ဟာ ဈာန်ဦးခေတ်စိတ်ထဲကို တစ်ခုခုတော့ခိုဝင်သွားသလိုလို။

" ဘာလဲ ညီ...... "

" အပြင်ကတံခါးခေါက်နေတယ်...... "

" ဪ... ဟုတ်လား... ကိုယ်သွားဖွင့်လိုက်မယ်...... "

အောင်ဘုန်းခေတ်ထသွားမှ ခြေထောက်တစ်ချောင်းလုံးကျဉ်နေတာ နည်းနည်းသက်သာသွားတော့တာ။ဈာန်ဦးခေတ်ပေါင်ပေါ်ကိုအောင်ဘုန်းခေတ်ခေါင်းနဲ့အဖိခံထားရတဲ့အတိုင်း ဘယ်လိုစိတ်နဲ့များတစ်ညလုံးသည်းခံပြီးအိပ်နေနိုင်ခဲ့ပါလိမ့်။မူးသွားတာကြောင့်ပဲဖြစ်မှာလေ။ဒီအတွေးကလွဲပြီး ကျန်တာကိုဈာန်ဦးခေတ်စဉ်းစားမရ။

" မောင်.......... "

တံခါးဖွင့်သံရဲ့နောက်မှာ ကြားလိုက်တဲ့အသံကခပ်တိုးတိုးမို့ ဈာန်ဦးခေတ်မသဲကွဲလိုက်။ဒါပေမဲ့ မိန်းမတစ်ယောက်ရဲ့အသံမှန်းတော့ ဈာန်ဦးခေတ်သိလိုက်တာပဲ။အောင်ဘုန်းခေတ်ထသွားမှ ဆိုဖာပေါ်ကိုခြေထောက်တွေပါတင်လိုက်ရင်း ပြန်မှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ တော်တော်ကိုချောမောလှပတဲ့မိန်းကလေးတစ်ယောက်။

" Sorry............ "

ရှုပ်ပွသလိုဖြစ်နေတဲ့ပုလင်းတွေဖန်ခွက်တွေကြောင့် မိန်းကလေးကိုအားနာသလိုဖြစ်သွားပေမဲ့ တဖြတ်ဖြတ်ပြောင်းသွားတဲ့ မိန်းကလေးရဲ့မျက်နှာပေါ်ကအရိပ်တွေကြောင့် ဈာန်ဦးခေတ်စိတ်ထဲ သိပ်ဘဝင်မကျ။ဆိုဖာပေါ်ကထပြီး စားပွဲပေါ်မှာရှိနေဆဲဖြစ်တဲ့ ညတုန်းကဖန်ခွက်တွေပုလင်းတွေသိမ်းဖို့ ကောက်ကိုင်လိုက်တဲ့အချိန်မှာပဲ

💕 ပိုးမျှင်ကြိုးWhere stories live. Discover now