လီစု၀မ်သည် Hမြို့မှသာမာန်ကျောင်းသူ လေးတစ်ဦးဖြစ်သည်။သူမမွေးဖွားလာစကပင် သူမမိခင်တစ်ဦးတည်းသာရှိခဲ့သည်။သို့သော်လည်း အိပ်ခန်းသုံးခန်းပါတိုက်ခန်းတစ်ခုပိုင်ဆိုင်ပြီးအကြွေးမရှိသော သူမတို့ရဲ့ဘ၀ကကောင်းမွန်လှသည်ဟုဆိုရပေမည်။
သူမမိခင်က စားသောက်ဆိုင်တစ်ခုပိုင်ဆိုင်ပြီး သွားရလွယ်ကူစေရန် ကားလည်းရှိတာမို့ သူမကစာကိုသာဦးတည်ကြိုးစားရပါသည်။
သူမတို့နှစ်ဦးရဲ့ဘ၀ကသာယာကောင်းမွန်တာကြောင့် ဖခင်မရှိတာကိုပင် ထူးဆန်းသည်ဟုမခံစားရပေ။ လိမ္မာစွာနေထိုင်ပြီး စာတော်ပါက သူမအမေက အမြဲသူမနားတွင်နေလိမ့်မည်ဟုသာတွေးခဲ့သည်။
သို့သော် သူမတက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုပြီးချိန်တွင် သူမမိခင်သည် စာအိတ်တစ်အိတ်ချန်၍ထွက်သွားခဲ့သည်။
ထိုစာအိတ်ထဲတွင် အိမ်ကိုသူမနာမည်နှင့်လွှဲပြောင်းပေးခဲ့ကြောင်းစာချုပ်နှင့်အတူ သူမနာမည်နှင့်ယွမ်တစ်သန်းပါ၀င်သည့် ဘဏ်စာအုပ်ထားခဲ့သည်။
ထို့ပြင်ဖခင်သူမအားပေးခဲ့သော ဆွဲကြိုးလေးတစ်ခုနှင့်နှုတ်ဆက်စာတစ်စောင်လည်းပါ၀င်ခဲ့သည်။ထိုစာတွင် သူမအမေ ကဆိုင်အားရောင်းပြီး ချစ်သူနှင့်ဘ၀ကိုတည်ဆောက်တော့မည်ဖြစ်၍ မြို့ကထွက်သွားပြီဖြစ်ကြောင်း
ဘ၀ကိုကိုယ့်ဘာသာကြောင်း၍ဆက်လက်ရှင်သန်ရန်နှင့် သူ့အားလိုက်မရှာရန် ပြောကြားထားတယ်။ထိုစာကိုမြင်တော့ စု၀မ်၏မျက်နှာတွင် နာကျင်မှုနှင့်မတူအပြုံးလေးဖြစ်ပေါ်လာသည်။ဒါ့ပေါ့သူမဒီလိုဖြစ်မယ်ဆိုတာအစောကြီးကတည်းသိခဲ့ပါတယ်။
ဒါပေမဲ့ ဘာမှမသိချင်ဟန်ဆောင်ရင် အမေက သူမနားမှာ ဆက်ရှိလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ အမြဲတမ်း စကားနားထောင်ပြီး စာကြိုးစားခဲ့တယ်။နောက်ဆုံးတော့လည်း သူမအတွေးတွေက အရာမထင်ခဲ့ပေမဲ့ပေါ့။
တကယ်တော့ သူမတို့သားအမိကြားကဆက်ဆံရေးက လူတွေထင်သလို ကြည်နူးဖို့မကောင်းခဲ့ပါဖူး။
YOU ARE READING
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်
Fantasyလီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွေပစ္စည်းလေးက စု၀မ်ရဲ့ဘ၀ကိုဘယ်လိုပြောင်းလဲသွားမလဲ။ သူမရဲ့ဖခင်ကကောဘယ်သူလဲ။ သူမရောက်ရှိသွားတဲ့ ကမ္ဘာမြေ...