ရှူယန်ပြန်သွားသည်နှင့် စု၀မ်ခနလောက်နားလိုက်ပြီး လေလံတင်မည့်ဆေးလုံးအချို့ကိုစတင်ဖော်စပ်ရန်ပြင်လိုက်သည်။
အသက်ကယ်ဆေးလုံး ဟုတ်တယ် စု၀မ်ဖော်စပ်မှာက ထူးဆန်းတဲ့အသက်ကယ်ဆေးလုံးတစ်မျိုးပဲ။
အဲ့ဒီ့ဆေးလုံးရဲ့အညွှန်းက ပျောက်ဆုံးနေတာကြာပြီ။
လုံး၀ကြီးပျောက်ဆုံးနေတာမဟုတ်ပေမဲ့ ပြီးပြည့်စုံတဲ့ဆေးညွှန်းကတော့ တောင်ပိုင်းကုန်းမြေကြီးမှာ အစရှာမရတော့ဘူး။မပြီးပြည့်စုံတဲ့ဆေးညွှန်းက အခြေခံဆေးလုံးအမျိုးအစားထဲမှာပါပြီး ဆေးဆိုင်တိုင်းမှာ၀ယ်လို့ရတယ်။
စု၀မ်ဆီမှာတော့ မူရင်းပြည့်ပြည့်စုံစုံရှိတယ်။မှော်ဆေးပညာရှင်တွေရဲ့ပါးစပ်ဖျားမှာ
ဆေးလုံးရဲ့ပြည့်စုံတဲ့အခြေအနေတွေက ရေပန်းစားတယ်။
အဆင့်လေးအသက်ကယ်ဆေးလုံးက ချို့ယွင်းနေပြီး ပြီးပြည့်စုံပါက တာအိုကြိုးမျှင်ဆေးလုံးဖြစ်လာလိမ့်မယ်လို့ ဒဏ္ဌာရီတွေရှိတယ်။စု၀မ်လေးနာရီလောက် တရားထိုင်လိုက်ပြီး
သူမရဲ့စိတ်ကိုပြင်ဆင်လိုက်တယ်။အဲ့ဒီ့နောက်မှာဆေးလုံးကိုဖော်စပ်ခြင်းစတင်လိုက်တယ်။
တကယ်တော့ သူမကတစ်ခုခုကိုမျှားထုတ်ချင်နေတာဖြစ်သည်။သူမရဲ့နားမှာရှိနေပြီး သူမမသိနိုင်တဲ့တစ်စုံ တစ်ယောက်ကိုပေါ့။
ခရမ်းတောင်ပံမြို့ထဲမှာကတည်းက တစ်စုံတစ်ယောက်ရဲ့စောင့်ကြည့်ခံနေရတဲ့ ခံစားချက်အချို့ရနေသည်။ပြီးတော့ ထိုအချိန်မှာပဲ သူမရဲ့သွေးတွေကလည်း
ပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။'ငါသိရတော့မှာပါ'
စု၀မ်သည် ဆေးလုံးအားဖော်စပ်ရန်အတွက်
ဆေးအမယ်များကို စတင်စစ်ဆေးလိုက်သည်။အရိုး၊သွေးကြောမျှင်များမှအစ သေချာစွာစစ်ဆေးသည်။
အမှားမယွင်းမရှိဘူးဆိုမှ စု၀မ်ဆေးပင်များအား
စတင်သန့်စင်တော့သည်။မူရင်းဆေးညွှန်း၏ထူးခြားချက်မှာ ဆေးပင်များအား ပြာမကျသွားအောင် စိတ်စွမ်းအားဖြင့်
ထိန်းသိမ်းကာ အတိမီးတောက်ထဲတွင်ထား၍
ချီစွမ်းအင်ဖြင့် အထပ်ထပ်သန့်စင်ရမည်။
ထို့နောက်ဘာမှမရှိတော့ဘူး။
VOUS LISEZ
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်
Fantasyလီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွေပစ္စည်းလေးက စု၀မ်ရဲ့ဘ၀ကိုဘယ်လိုပြောင်းလဲသွားမလဲ။ သူမရဲ့ဖခင်ကကောဘယ်သူလဲ။ သူမရောက်ရှိသွားတဲ့ ကမ္ဘာမြေ...