အဆင့်လုပွဲ

1.5K 171 7
                                    

၀မ်ရန်လည်း သိပ်မဝေးသည့်နေရာတွင် စတည်းချနေသည့် ရှုယန်ကိုကြည့်လိုက်သည်။

ရှုယန်ကလည်း သူ့အားကြည့်နေသည့် ၀မ်ရန်
အား ပြန်၍ကြည့်လိုက်သည်။

သူတို့အကြည့်ချင်းတိုက်ပွဲဖြစ်နေကြချိန်တွင်
စု၀မ်တစ်ယောက် သူတို့ဘက်သို့လှည့်လာသည်။

မောင်းမဆောင်ပိုင်ရှင် အဖြောင့်ကောင်
နှစ်ကောင်အကြည့်ချင်းဆုံရင် ဘာဆက်ဖြစ်လဲ။

ကျိန်းသေ ရန်ပဲဖြစ်မှာပေါ့။
မိန်းမလုပွဲလေ မိန်းမလုပွဲ
(စု၀မ်တစ်ယောက် ဇာတ်လိုက်တွေကိုအမြင်ကြည်ချက်😆😆😆)

ဒါပေမဲ့ စု၀မ်စိတ်ထဲမှာတော့ တစ်ခုခု‌ဖြစ်လာဖို့
မျှော်လင့်လိုက်မိသည်။

ထိုသို့ဆိုလျှင်အတော်လေး ကြည့်ကောင်းပေမည်။

လူသုံးယောက်ကအတွေးသုံးမျိုးဖြင့် အသီးသီး
၎င်းညကိုဖြတ်သန်းလိုက်ကြသည်။

ပြိုင်ပွဲစတင်ချိန်သို့ ရောက်ရှိလို့လာလေပြီ။

"မင်းတို့ကသုံးယောက်ဆိုတော့ တစ်ယောက်ကဗလာမဲနှိုက်ရလိမ့်မယ်။
ကဲစတော့"

လူသုံးယောက်ရှေ့တွင် မဲလိပ်သုံးလိပ်ရှိနေပြီး
ရှုယန်က အရင်နှိုက်လိုက်သည်။

စု၀မ်ကနောက်ဆုံးမှသာ နှိုက်လိုက်သည်။

ကံကောင်းစွာဖြင့် ဗလာမဲက ဒီတစ်ခါသူမအတွက်သာဖြစ်သည်။

ရှုယန်နှင့် ၀မ်ရန်၏ တိုက်ပွဲမှာအလွန်ကြည့်ကောင်းပေလိမ့်မည်။

သူမအနေဖြင့် ပွဲကောင်းကြည့်ရန် အချိန်သမညသို့ရောက်ရှိလို့ လာခဲ့လေပြီ။

စင်မြင့်နှင့် ပေတစ်ရာအကွာတွင် ခုံတစ်လုံးနှင့်
စားပွဲတစ်ခုချကာ မုန့်များစွာကိုတင်ထားသည်။
အသားကင်နှင့် ဖရဲသီးမှာလည်း မရှိမဖြစ်ပါလေ။

သူမ၏လုပ်ရပ်များကို ကျန်နှစ်ယောက်ကသတိ
မထားမိကြသေးချေ။

"ဒါကယောကျာ်းနှစ်ယောက်ကြားက အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲပဲ"

ရှုယန်က ၀မ်ရန်အား သူ၏ဓားနှင့်ချိန်ကာ
ခပ်မိုက်မိုက်ပြောလိုက်သည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်Where stories live. Discover now