စု၀မ်တို့ပြန်ထွက်သွားပြီးနောက် သိပ်မကြာမီပင်
လေလံရုံ၏ သတင်းအချက်အလက်ဖြန့်ဖြူးမှုကြောင့် လျှိုဝှက်ကောင်းကင်မြို့တစ်ခုလုံး ဆူညံပွက်လောရိုက်ကုန်ကြသည်။မိသားစုကြီးလေးစုသည်ပင် အဆင့်တစ်ဆေးလုံးများဖြစ်သည့် အရည်အသွေးမြင့်သိမ်မွေ့အဆင့်ဆေးလုံးများ၏ စွဲဆောင်မှုကိုမခံနိုင်ပေ။
အထူးသဖြင့် တာအိုခန္ဓာတည်ဆောက်ပုံရှိသည့်ပါရမီရှင်များ၏ အကြီးအကဲမိသားစုများဖြစ်သည်။သူတို့၏ သားသမီး မြေးများအား ဆေးအဆိပ်များမပါ၀င်သည့်အပြင် အနာဂတ်အဆင့်တက်ရာတွင် အကောင်းဆုံးအထောက်အကူပြုနိုင်သည့် သိမ့်မွေ့အဆင့်ဆေးများကို အသုံးပြုစေပြီး ဗဟိုပေါင်းစည်းကျောင်းတော်သို့ ပို့ဆောင်ချင်ကြသည်။
အမဲလိုက်တောင်ကုန်းမြို့သည် လျှိုဝှက်ကောင်းကင်မြို့နှင့်မိုင်ပေါင်း လေးသောင်းခန့်ကွာဝေးသည်။
ကောင်းကင်ဘုံကုန်းမြေ မြောက်ပိုင်းတွင် တော်၀င်မြို့ကြီးလေးမြိုရှိသည်။
မြို့များကို တော်၀င်အဆင့်၊ပထမတန်းအဆင့်၊ဒုတိယအဆင့်၊တတိယအဆင့်နှင့် အဆင့်မဲ့ဟူ၍သတ်မှတ်ထားသည်။တော်၀င်မြို့ကြီးလေးမြို့မှာ လျှိုဝှက်ကောင်းကင်
ခရမ်းတောင်ပံမြို့တော်၊ ကြယ်တာရာမြို့တော်နှင့် ကန္တာရသဲမြို့တော်တို့ဖြစ်သည်။
အမဲလိုက်တောင်ကုန်းမြို့မှာ ဒုတိယအဆင့်မြို့တစ်မြို့ဖြစ်သည်။အမဲလိုက်တောင်ကုန်းမြို့တွင် နေထိုင်ကြသူ အများစုမှာကြေးစားများ၊သားရဲကုန်သည်များဖြစ်သည်။
အချို့မှာ ကံစမ်းချင်သူများနှင့် လေ့ကျင့်ရန်လာကြခြင်းဖြစ်သည်။မြို့ထဲလမ်းတစ်လျှောက်တွင် ကြေးစားခန်းမ၊
အရက်ဆိုင်များ၊စားသောက်ဆိုင်များနှင့် တည်းခိုဆောင်များအား အနှံ့အပြားတွေ့နိုင်သည်။
မြို့၏ဗဟိုနေရာတွင် လေလံရုံ၊ဆေးခန်းမနှင့်
သားရဲအစည်းအရုံးတို့တည်ရှိသည်။"သခင်မလေး ကျွန်တော်တို့ စားသောက်ဆိုင်တစ်ခုကိုသွားရအောင်"
KAMU SEDANG MEMBACA
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်
Fantasiလီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွေပစ္စည်းလေးက စု၀မ်ရဲ့ဘ၀ကိုဘယ်လိုပြောင်းလဲသွားမလဲ။ သူမရဲ့ဖခင်ကကောဘယ်သူလဲ။ သူမရောက်ရှိသွားတဲ့ ကမ္ဘာမြေ...