ရှင်းလင်းလာသည့်လမ်းကြောင်း

1.5K 174 10
                                    

စု၀မ်အခက်အခဲများကြားမှ ရုန်းကန်နေရပုံအား
တိမ်များကြားမှ လူကြီးတစ်ယောက်နှင့်
ကြောင်တစ်ကောင်ကကြည့်နေသည်။

ထို့ပြင် ထိုအဘိုးကြီး၏မျက်နှာမှာလွန်စွာမှ
ဂုဏ်ယူနေသည့်ဟန်ရှိသည်။

'တကယ်ကိုပဲ ကျားအဖေက ခွေးနဲ့တူတဲ့သား
မမွေးဖူးဆိုတာ တကယ်ကိုအမှန်ပဲ'
ထိုလူက သူ့အတွေးထဲတွင် မျော့လွင့်ရင်း
ဆက်လက်စောင့်ကြည့်နေသည်။

စု၀မ်လည်း သူမတက်နိုင်သမျှဆက်၍တက်လှမ်းနေဆဲပင်။
သို့သော်အရှေ့သို့မည်မျှကြည့်နေပါစေ
တစ်၀က်ကိုပင် မရောက်သေးဟု ခံစားချက်များ
ပိုမိုဆိုးဝါးလာသည်။

သူမစိတ်ထဲမသက်မသာဖြစ်သည်နှင့် ပုံရိပ်ယောင်များက သူမကိုပိုမိုထိခိုက်စေလာပြီး
ထပ်မံ၍ကျဆင်းသွားရပြန်သည်။

ဒီတစ်ကြိမ်တွင် ပုံရိပ်များက ပိုမိုစစ်မှန်လာတော့သည်။
လုံး၀ခွဲကြား၍ပင် မရသည်အထိစစ်မှန်လွန်းလှသည်။

စု၀မ်က ယွမ်အာတို့အဖွဲ့နှင့်အတူ နတ်ဆိုးများကိုသွားရောက်နှိမ်နင်းရသည်။
ထိုအချိန်တွင် သူမတို့က အရွယ်ရောက်နေကြပြီဖြစ်သည်။

တစ်ယောက်ကိုတစ်ယောက်ကာကွယ်ရင်း
နတ်ဆိုးပေါင်းသန်းနှင့်ချီနေသည့် ကြားတွင်
သူမတို့သာကျန်ရစ်တော့သည်။
အကုန်လုံးမှာလည်း အကောင်းအတိုင်းတစ်ယောက်မှမကျန်တော့ပေ။

အသိစိတ်ကလေးဆွဲကိုင်ထားကာ အကုန်လုံးက
နောက်ဆုံးထွက်သက်အထိ တိုက်ရန်စိတ်ဆုံးဖြတ်ထားပုံရသည်။

ပင်ပန်းလွန်းလှသဖြင့်အရာရာကို အရှုံးပေးချင်သော်လည်း သူတို့တစ်စက္ကန့်မျှတုံ့ဆိုင်းမိပါက
သူတို့နောက်မှ သူငယ်ချင်းက သေဆုံးရပေလိမ့်မည်။

သိပ်မကြာခင်တွင် ယွမ်အာတို့တယောက်ချင်းသေဆုံးသွားခဲ့သည်။
သူတို့၏တစ်ကိုယ်လုံးစုတ်ပြတ်နေသော်လည်း
မျက်နှာမှာမူ ဂုဏ်ယူသောအပြုံးများဆင်မြန်းထားလေသည်။

စု၀မ်လည်း နောက်ဆုံးထွက်သတ်ထိတိုက်ရန်
ဆုံးဖြတ်ထားသည်။

သူမဘယ်သူလဲဆိုတာကို မသိတော့ပါ။
ဘာဖြစ်နေမှန်းမသိတော့ပါ။
ဒီအတိုင်း သတ်ဖြတ်‌နေခြင်းဖြစ်သည်။

ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်حيث تعيش القصص. اكتشف الآن