ထွက်ခွာသွားသောလူများကိုကြည့်ရင်း အကြီးအကဲကတစ်ချက် ပြုံးလိုက်ကာဆက်ပြော သည်။
"ကောင်းပြီဒီတစ်ခေါက်ကျောင်းသားသစ်ရွေးချယ်ပွဲမှာ ပထမအဆင့်အနေနဲ့အချက်သုံးချက်ကိုစစ်ဆေးမယ်။
ပထမအချက်အနေနဲ့ အသက်အရွယ်နဲ့မင်းတို့ရဲ့ မွေးရာပါခန္ဓာကိုယ်တည်ဆောက်ပုံ
ဒုတိယအချက်အနေနဲ့ ခန္ဓာတည်ဆောက်ခြင်းအဆင့်မှာ တည်ဆောက်နိုင်ခဲ့တဲ့ခန္ဓာကိုယ်ရဲ့အရည်အသွေး
တတိယအချက်ကတော့ မင်းတို့ရဲ့ပါရမီနဲ့အလားအလာကိုတိုင်းတာခြင်းပဲဖြစ်တယ်။ထို့နောက် ထိုအကြီးအကဲသည် စင်မြင့်သုံးခုအားညွှန်ပြ၍ပြောလိုက်သည်။
"တတိယအချက်အနေနဲ့ မင်းတို့ရဲ့ပါရမီက အဲ့ဒီ့ကျောက်တိုင်ကို ကြယ်တစ်ပွင့်ထွန်းလင်းစေမှသာလျှင် ပထမအဆင့်အောင်မြင်လိမ့်မယ်။"
"ကဲပထမစင်မြင့်ကနေ စတက်သွားတော့"
ထို့နောက်တွင် ၀မ်ဆုချင်းကထိပ်ဆုံးမှနေ၍ တက်သွားလိုက်သည်။
"၀မ်ဆုချင်း၊အသက်၁၂နှစ်
အဆင့်၂၂ဖီးနစ်လိပ်ပြာတာအိုခန္ဓာကိုယ်"
၀မ်ဆုချင်း၏ပထမအဆင့်ရလဒ်များကြောင့် လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားရသည်။၀မ်ဆုချင်းသည်လည်း သူမကိုယ်သူမအလွန်ဂုဏ်ယူနေပုံဖြင့် ဒုတိယစင်မြင့်ပေါ်သို့တက်သွားသည်။
ထို့နောက်ဖန်လုံးလေးအားထိလိုက်ရာတွင်
အပြာရောင်အလင်းတန်းလေးကအနည်းငယ်မှိန်စွာထွက်ပေါ်လာသည်။ဖန်လုံးတွင်ပါရမီများကို
အဖြူရောင်၊အနီရောင်၊အစိမ်းရောင်၊အဝါရောင်၊
အပြာရောင်၊ခရမ်းရောင်၊ခရမ်းရွှေရောင်ဟူ၍ သတ်မှတ်ထားသည်။"၀မ်ဆုချင်း၊အဆင့်သတ်မှတ်ချက် အပြာရောင်
အလယ်လတ်"
ထိုရလဒ်မှာအလွန်ပင်ကောင်းမွန်လှသည်။
သို့သော် ၀မ်ဆုချင်းသည်ဖုန်းလန်ကဲ့သို့ ခရမ်းရွှေရောင်အား အလွန်လိုချင်လှသည်။သို့သော်သူမ၏ကျင့်ကြံမှုနှုန်းအား သိထားသဖြင့်ပါးစပ်ပိတ်နေရန်သာ တက်နိုင်သည်။
KAMU SEDANG MEMBACA
ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်
Fantasiလီစု၀မ်သည် သာမာန်ကျောင်းသူလေးတစ်ဦးဖြစ်ပြီး တက္ကသိုလ်၀င်ခွင့်စာမေးပွဲဖြေဆို၍အိမ်ပြန်ချိန်တွင် အိမ်မှမိခင်ကထွက်ခွာသွားခဲ့သည်။ သူမမိခင်ထားခဲ့သောဖခင်၏အမွေပစ္စည်းလေးက စု၀မ်ရဲ့ဘ၀ကိုဘယ်လိုပြောင်းလဲသွားမလဲ။ သူမရဲ့ဖခင်ကကောဘယ်သူလဲ။ သူမရောက်ရှိသွားတဲ့ ကမ္ဘာမြေ...